ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်တဲ့ စစ်တပ်ရွေးကောက်ပွဲ လူထုဆန္ဒအမှန်လား
မော်လမြိုင် ၊ ဇန်နဝါရီ ၂၉ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ် ဖြစ်ပွားနေချိန် စစ်တပ်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ထက်ဝက်ကျော် ဆန္ဒမဲပေးခဲ့ကြတဲ့အတွက် အောင်မြင်တယ်လို့ စစ်ကော်မရှင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲသမိုင်းတလျှောက်မှာ ရွေးကောက်ပွဲကို တစ်ရက်တည်းသာ ကျင်းပခဲ့ကြပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အပိုင်းသုံးပိုင်းနဲ့ ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်းအားလုံးမှာ…
