January 12, 2026

စစ်အာဏာသိမ်း (၁၈၀၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ AAPP ရဲ့ ဇန်နဝါရီ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၇) ရက်အတွင်း ပြည်သူ (၇၆၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ စံချိန်တင်အနိုင်ရ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၃ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန် ပြည်နယ်အတွင်းသာ တဆင့်နိမ့်ပြီး ဝင်ပြိုင်ခဲ့ရတဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းနေရာ စံချိန်တင် အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲများသူအကုန်အနိုင်သူ FPTP စနစ်နဲ့ မွန်ညီညွတ်ရေးပါတီက ချောင်းဆုံမြို့နယ်တစ်ခုတည်းသာ ၂…

ရွေးကောက်ပွဲနေ့မှာ မုဒုံနဲ့ရေးမြို့နယ်က စစ်စခန်းလေးခု တိုက်ခိုက်ခံရ

ရေး၊ ဇန်နဝါရီ ၁၃ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ရေးမြို့နယ်တို့က စစ်တပ်စခန်း လေးခုကို တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တော် RMA က ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ရာမညမွန်တော် RMA ဟာ ဇန်နဝါရီ ၁၁ ရက်နေ့…

ကြာအင်းဆိပ်ကြီးတပ်က တပ်သားတစ်ဦး KNLA ထံ လက်နက်နဲ့အလင်းဝင်

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၁၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၃ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA တပ်မဟာ ၆ ထံ အလင်းဝင်လာတယ်လို့ Phoenix – Special Warfare Force က သတင်းထုတ်ပြန်ထားပါတယ်။ ကြာအင်းဆိပ်ကြီးမြို့ ခလရ ၂၈၃ တပ်ရင်းက တပ်သားအောင်ကိုကိုဟာ စစ်ကော်မရှင်လက် အောက်မှာ…

သြစတြေးလျရဲ့ လူမှုမီဒီယာ တားမြစ်မှုကြောင့် Meta ကုမ္ပဏီက အကောင့် ၅ သိန်းခွဲကို တားမြစ်

ဆစ္စဒနီ၊ ဇန်နဝါရီ ၁၂ သြစတြေးလျရဲ့ ကလေးတွေအတွက် လူမှုမီဒီယာ တားမြစ်မှု ပထမဆုံး နေ့ရက်တွေအတွင်း အကောင့် ၅ သိန်းခွဲကို Meta ကုမ္ပဏီက တားမြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလက အသက်ဝင်လာတဲ့ ဥပဒေသစ် တစ်ရပ်အရ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် အပါအဝင် ကမ္ဘာ့ လူကြိုက် အများဆုံး လူမှုမီဒီယာတွေအနေနဲ့ အသက် ၁၆နှစ်အောက် သြစတြေးလျ နိုင်ငံသားတွေရဲ့…

ထရန့်က သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတ အဖြစ် ကြေညာထားတဲ့ ဓာတ်ပုံ တစ်ပုံကို လူမှုမီဒီယာမှာ ဖော်ပြလိုက်ပါတယ်။ အမေရိကန် တပ်တွေက ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခဲ့ ပြီးနောက် ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၁ ရက်က သူ့ရဲ့…

ပေါင်မြို့နယ်မှာ ရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

ပေါင်၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာမှာ ရွေးကောက်ပွဲ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ရွေးကောက်ပွဲ မဲပေးချိန်မှာ ကျုံကကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ကိုမျိုးဟာ အရက်မူးပြီး မဲသွားမပေးကြဖို့ လိုက်လံအော်ဟစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့…

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

ကျွန်းစု၊ ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ တောင်သုံးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် ည ၇ နာရီအချိန်ခန့်မှာ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

နောက်မကျလွန်းခင် သဘောတူညီမှု ရယူဖို့ ကျူးဘားကို ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ ကျူးဘားအနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး ဗင်နီဇွဲလား ရေနံနဲ့ ငွေကြေး စီးဆင်းမှုကို အခုရပ်တန့် ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။ ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်ကို အမေရိကန် တပ်ဖွဲ့တွေ ဇန်နဝါရီ ၃…

အမေရိကန် တိုက်ခိုက်ရင် ပြန်တိုက်ခိုက်မယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဇန်နဝါရီ ၁၂ သတ်ဖြတ်ခံရတဲ့ ဆန္ဒပြသူ အရေအတွက် ရာပေါင်းများစွာ ရှိလာပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောကြားထားချိန် အမေရိကန်က တိုက်ခိုက်လာရင် လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေပြီး သေဆုံးသွားတဲ့ ဆန္ဒပြသူ အရေအတွက် ၅၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံတဝှမ်း…