ဘားအံအခြေစိုက် တပ်မ ၂၂ တပ်မမှူး စစ်ရှုံးလို့ ရာထူးဖြုတ်ချခံရ
ဘားအံ၊ ဇန်နဝါရီ ၄ ကရင်ပြည်နယ် မြဝတီစစ်ဆင်ရေးမှာ စစ်ရေးရှုံးမှုနဲ့အတူ တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေတာကြောင့် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ တပ်မမှူးကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူလိုက်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ဆီတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့တောင်ဘက်ခြမ်း ဖလူး မင်းလက်ပံနယ်မြေအတွင်းကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…
