စစ်တပ်ရဲ့ ရွေးကောက်ခံအစိုးရအဖွဲ့ အပြောင်းအလဲ မျှော်ကိုးစရာဗလာနတ္တိ
မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄ အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရအဖွဲ့အပြောင်းအလဲဟာ မြန်မာပြည်သူတွေအတွက် မျှော်ကိုးစရာ ဘာမှမရှိနေဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အပိုင်း ၁ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို မသိကျိုးနွံပြုပြီး အမျိုးမျိုးသော ကတိကဝတ်တွေနဲ့ လူထုကို မဲဆွယ်စည်းရုံးနေကြတာပါ။…
