မဲစာရင်းမှားယွင်းမှုတွေရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီးဝန်ခံ
နေပြည်တော် ၊ အောက်တိုဘာ ၁၂ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် ကြေညာခဲ့ရာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံမှု အချက်အလက်ကွဲလွဲမှုနဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဌဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက…
