စလင်းနဲ့ ပွင့်ဖြူတို့မှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ စစ်ကော်မရှင် ပိုမိုလုပ်ဆောင်လာ
မကွေး အောက်တိုဘာ ၁ မကွေးတိုင်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့မှာ စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စလင်းမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်အစပ်က လက်မဲကန်အနီးမှာ စလင်းဘက်ကလာတဲ့ စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးနေတာပါ။ “အရင်လတွေတုန်းကလည်း ဆွဲတယ်။ ဒီလလည်း ဆွဲတယ်။ မနေ့ကဆို တစ်နေရာတည်းနဲ့ ခြောက်ယောက်လောက်ပါတယ်။ ဒီလိုမျိုးဖြစ်လာနေတာ နှစ်လသုံးလလောက်ရှိပြီ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။…
