September 25, 2025

စစ်အာဏာသိမ်း (၁၆၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၆ AAPP ရဲ့ စက်တင်ဘာ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၆၉၈) ရက်အတွင်း ပြည်သူ (၇၂၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၃၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

KNU ၊ AA အပါအဝင် ချင်းပြည်ကောင်စီတို့ကို ရွေးကောက် ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင် အမှုဖွင့်

နေပြည်တော် ၊ စက်တင်ဘာ ၂၆ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားအောင် ဟောပြော လှုံ့ဆော် နှောင့်ယှက်ဟန့်တားတယ်ဆိုပြီး KNU အပါအဝင် ချင်းပြည်ကောင်စီနဲ့ AA အဖွဲ့ကို ရွေးကောက်ပွဲကာကွယ်‌ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အရင်ကတည်းက…

မွန်ပြည်နယ်မှာ မိုးမကုန်မီကတည်းက လောင်းကစားဝိုင်းတွေ အကြီးအကျယ် ခွင့်ပြုပေးနေ

မော်လမြိုင်၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ပွင့်လင်းရာသီ မရောက်ခင်ကတည်းက ဇာတ်ပွဲတွေ သွင်းကာ လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်အတွင်း ပွဲလမ်းသဘင်တွေမှာ စည်ကားစေဖို့ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ အခုကတည်းက လောင်းကစားဝိုင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ကန်ထ ရိုက်ပေးကာ တရားဝင်သဖွယ်…

ကျုံဒိုး ဗျက္ခသီဟစေတီစခန်းကုန်းကို စစ်တပ်ပြန်သိမ်း

ကျုံဒိုး၊ စက်တင်ဘာ ၂၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီး ကျုံဘိုင်းတောင် ဗျက္ခသီဟစေတီကုန်းကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၂၃ ရက်နေ့က သိမ်းပိုက်လိုက်ပြီး ကျုံဒိုး-မြပတိုင်-နဘူးလမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းမကြီးကို ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းက ပြန်လည်ထိန်း ချုပ် သိမ်းပိုက်လိုက်နိုင်ပြီးတဲ့နောက် ကျုံဒိုး-နဘူးလမ်း၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းတွေနဲ့ ကျုံဒိုးမြို့အနီးဝန်းကျင်က ကျေးရွာတွေကို…

ပေါင်မြို့နယ်မှာ မုန်တိုင်းကြောင့် မျောလာတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးကို ကူညီကယ်ဆယ်

ပေါင်၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ရာဂါဆာမုန်တိုင်းကြောင့် ဖောင်ပြတ်ပြီး မျောလာတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးကို ကူညီကယ်ဆယ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်က ပင်လယ်ပြင်မှာ ဖောင်ပြတ်ပြီး မျောပါလာတဲ့ ကျားဖောင်လုပ်သား ၁၅ ဦးကို အလှပ်ကမ်းခြေမှာ ဒေသခံတွေက…

နျူကလီးယားဗုံး လုံးဝ ထုတ်လုပ်သွားမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ကတိပြု

နယူးယောက်၊ စက်တင်ဘာ ၂၅ အီရန် နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ပြန်လည် ပြဌာန်းလာနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားရေး သံတမန်ရေးအရ ကြိုးပမ်းမှုအနေနဲ့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က မိမိတို့အနေနဲ့ နျူကလီးယားဗုံး လုံးဝ တီထွင် ထုတ်လုပ်သွားမှာ မဟုတ်ဘူးလို့ ကုလ အထွေထွေ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။ အီရန်အပေါ် ကုလရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ပြဌာန်းဖို့…

လူသားသမိုင်းမှာ ဖျက်အားအပြင်းဆုံး လက်နက်ယှဉ်ပြိုင်မှု ဖြစ်ပေါ်နေတယ်လို့ ဇီလန်စကီး ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ကမ္ဘာ့ လူသားရာဇဝင်မှာ ဖျက်အားအပြင်းဆုံး လက်နက်ယှဉ်ပြိုင်မှု ဖြစ်ပေါ်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ္ဘာ့ခေါင်းဆောင်တွေကို စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ဥရောပမှာ စစ်ပွဲချဲ့ထွင်လိုတဲ့ ဆန္ဒရှိနေတာကြောင့် သူ့ကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးကြဖို့လည်း ဇီလန်စကီးက တိုက်တွန်းပါတယ်။ ဒီကနေ့အချိန် ကမ္ဘာကြီးရဲ့…

ကျောက်မဲနှင့် သီပေါမြို့မှာ စစ်တပ်ထောက်လှမ်းရေး ၁၀ ဦး TNLA ဖမ်းမိ

ကျောက်မဲ၊ စက်တင်ဘာ ၂၅ ရှမ်းပြည်နယ် ကျောက်မဲနဲ့ သီပေါမြို့တို့မှာ စစ်ကော်မရှင်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေးဒလန် ၁၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ အဲဒီထောက်လှမ်းရေးအဖွဲ့ဝင်တွေကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့က ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ TNLA ရဲ့ ဂိတ်နေရာတွေ၊ ဂိတ်တွင်းရှိ…

ရေးမှာ အုတ်နံရံပြိုကျလို့ ကျောင်းသားသုံးဦးသေဆုံး

ရေး၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စု ကုန်းပေါ်ရွာသစ်မှာ ဘောလုံးပွဲကြည့်နေချိန် ဘုန်း ကြီးကျောင်း အုတ်နံရံပြိုကျမှုကြောင့် ကျောင်းသားသုံးဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်ခန်လောက်မှာ ကုန်းပေါ်ရွာသစ် ဘုန်းကြီးကျောင်းအနီး ဘောလုံးကွင်းမှာ ကျေးရွာချင်းဖိတ်ခေါ် ဘောလုံးပွဲ လာကြည့်နေတဲ့သူတွေအပေါ်…

စစ်အာဏာသိမ်း (၁၆၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ AAPP ရဲ့ စက်တင်ဘာ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၆၉၇) ရက်အတွင်း ပြည်သူ (၇၂၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…