အပိုင်းလိုက်ရွေးကောက်ပွဲကာလ ဘယ်လောက်ကြာကျင်းပပြီးမှ လွှတ်တော်ခေါ်နိုင်မလဲ
မော်လမြိုင် ၊ ဩဂုတ် ၂၂ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က နိုင်ငံတွင်းမှာ ပထမဦးဆုံးအဖြစ် အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ ကြေညာပါတယ်။ အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…
