August 25, 2025

ရုရှားကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ယူကရိန်း လွတ်လပ်ရေးနေ့မှာ ဇီလန်စကီး ကြွေးကြော်

ကိဗ်၊ သြဂုတ် ၂၅ ယူကရိန်း လွတ်လပ်ရေးနေ့ ပြောကြားတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပြောင်ပြောင်တင်းတင်း ပြောဆိုမှုအဖြစ် သမ္မတ ဇီလန်စကီးက ငြိမ်းချမ်းရေးရဖို့ မိမိတို့ရဲ့ တောင်းဆိုမှုတွေကို အများမကြားသိနိုင် ဖြစ်နေပြီး မိမိတို့ လွတ်လပ်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ “ကျွန်တော်တို့က ငြိမ်းချမ်းရေးပဲ လိုအပ်တာပါ။ ကျွန်တော်တို့ကပဲ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်မယ့်…

ဂါဇာစီးတီးကို ထိန်းချုပ်ဖို့ အစ္စရေး ထိုးစစ် စတင်

ဂျေရုစလင်၊ သြဂုတ် ၂၅ စီစဉ်ထားတဲ့အတိုင်း ဂါဇာစီးတီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းသွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ကြွေးကြော်ပြီးနောက် မြို့ရဲ့ အရှေ့ဖက်နဲ့ မြောက်ဖက် ဆင်ခြေဖုံးဒေသတွေမှာ သြဂုတ် ၂၃ ရက်ကနေ ၂၄ ရက်အထိ အစ္စရေး တိုက်လေယာဉ်တွေ သံချပ်ကာကားတွေရဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အဦတွေ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇိုင်တောင်နဲ့ ရှီဂျာအီယာဒေသကို…

ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၂၀ ထက်မနည်း သေဆုံး

ထားဝယ်၊ ဩဂုတ် ၂၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် ထပ်မံ တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။ အင်အားအများအပြား စစ်ကား ၁၀ စီးနဲ့ အရှေ့တောဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ကို သင်္ကန်းတုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းမှာ တတိယအကြိမ်အဖြစ်…

ကျိုက်ထိုမှာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတော် သုံးပါး ပျံလွန်တော်မူ

ကျိုက်ထို၊ ဩဂုတ် ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်း လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် သံဃာတော် သုံးပါး ပျံလွန်တော်မူပြီး လေးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ သြဂုတ် ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဟာ ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ ပေါင် ၅၀၀ တစ်လုံး လာရောက်ကြဲချသွားတာပါ။…