နေပြည်တော်၊ ဇူလိုင် ၅
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက်နေ့က တိုင်းစစ်ဌာ နချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင် တန်းကာလ ၂ လနဲ့ ရက်ပေါင်း ၁၂ မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာပါ။
သင်တန်းကာလအတွင်း သင်တန်းသားတွေကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စတဲ့ ဘာသာရပ်တွေနဲ့ အထွေထွေဘာသာရပ်တွေကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းပြီးမြောက်သွားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ်တွေကြောင့် တပ်သား လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လစဉ် စစ်မှု ထမ်း သင်တန်းတွေ ဖွင့်လှစ်နေတာပါ။
လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ သင်တန်းဖွင့်လှစ်ဖို့ လူသစ်စုဆောင်းမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI