February 6, 2025

စစ်အာဏာသိမ်း (၁၄၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၇ AAPP ရဲ့ ဖေဖော်ဝါရီ ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၇) ရက်အတွင်း ပြည်သူ (၆၂၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက်ဌာနကို ထည့်သွင်းပြီး ကော်မရှင်တိုးချဲ့

နေပြည်တော် ၊ ဖေဖော်ဝါရီ ၇ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အီလက်ထရောနစ်မဲပေးစက် EVM ဌာနကို ထည့်သွင်းပြီး တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ အရာထမ်းရာထူး ၆၂၇ နေရာ၊ အမှုထမ်းရာထူး…

MSME လုပ်ငန်းရှင်တွေ ဆိုလာတပ်ဆင်ကြဖို့ ဒုစစ်‌ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဖေဖော်ဝါရီ ၇ လျှပ်စစ်မီးအပြည့်အဝ မပေးနိုင်တာကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား MSME လုပ် ငန်းရှင်တွေအနေနဲ့ ဆိုလာစနစ်တပ်ဆင်ပြီး အလုပ်လုပ်ကြဖို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုတိ ယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲ ကျင်းပနိုင်ရေး…

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၇ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနဲ့ သိန်းခွန်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားနေတာပါ။ ဖေဖော်ဝါရီ ၃ ရက်၊…

ပေါင်မြို့နယ် တံတားအောက်မှာ မိုင်းတွေ့ရှိပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးခံရ

ပေါင်၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့မိုးနိုင်းကျေးရွာအစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်ခုအောက်မှာ မိုင်းအများအပြားတွေ့ရှိပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်း ဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး ပေါင်မြို့ပေါ်၊ ဇင်းကျိုက်နဲ့ ဥတ္တံတားကျေးရွာတို့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဒေသခံလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ…

ကျားဖြန့်နဲ့လူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းနှိမ်နင်းမယ်လို့ BGF နဲ့ DKBA ကြေညာ

မြဝတီ၊ ဖေဖော်ဝါရီ ၆ လူကုန်ကူးမှုအပါအဝင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက် နှိမ်နင်းသွားမယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ အသီးသီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အနေနဲ့ နိုင်ငံတကာက တိုက်ဖျက်လျက်ရှိတဲ့ လူကုန်ကူးမှု၊ လူလူချင်းညှဉ်းပန်းနှိပ်စက်မှုတွေကို…

သမ္မတကို လုပ်ကြံမယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် ဖိလစ်ပိုင် ဒုသမ္မတ စွဲချက်တင်ခံရ

မနီလာ၊ ဖေဖော်ဝါရီ ၆ သမ္မတကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှု၊ ကြီးမားတဲ့ အတိုင်းအတာနဲ့ အကျင့်ပျက် ခြစားမှု၊ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် တပ်ဖွဲ့တွေကို တရုတ်ရဲ့ ရန်စမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ပျက်ကွက်တာတွေ အပါအဝင် စွပ်စွဲချက် များစွာအတွက် ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးကို ဖေဖော်ဝါရီ ၅ ရက်မှာ…

တောင်ကိုရီးယားဝန်ကြီးဌာနတွေမှာ DeepSeek အသုံးပြုခွင့် တားမြစ်

ဆိုးလ်၊ ဖေဖော်ဝါရီ ၆ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စီမံခန့်ခွဲပုံနဲ့ ပတ်သက်လို့ အချက်အလက် စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့က တရုတ် ဉာဏ်ရည်တုဝန်ဆောင်မှု DeepSeek ကို မေးမြန်ရာမှာ တုံ့ပြန်မှု မရှိတာကြောင့် မိမိတို့ရဲ့ အလုပ်ကွန်ပြူတာတွေမှာ အဲဒီ နည်းပညာ အသုံးပြုခွင့်ကို တားမြစ်ထားကြောင်း တောင်ကိုရီးယားဝန်ကြီး ဌာနတွေနဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။…

ပုလောမြို့ပေါ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပုလော၊ ဖေဖော်ဝါရီ ၆ တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ အမှတ် ၅ ရပ်ကွက်ရှိ အသက် ၆၈ နှစ်အရွယ် စစ်ကောင်စီခန့်…

ကွတ်ခိုင်မှာ မိုင်းနင်းမိပြီး ကလေးငယ်နှစ်ဦးသေဆုံး

ကွတ်ခိုင်၊ ဖေဖော်ဝါရီ ၆ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ်လေးဦး မိုင်းနင်းမိတာကြောင့် က လေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ နမ့်ဆိုင်ကျေးရွာနေ ကလေးငယ် လေးဦးဟာ ချောင်းတစ်ခုအတွင်း ငါးသွားဖမ်းနေချိန် လက်လုပ်မိုင်း နင်းမိခဲ့တာပါ။…