October 30, 2024

ပွင့်လင်းရာသီ မွန်ပြည်နယ်မှာ နှစ်ဖက်စစ်ရေး ဘယ်လိုဆက်ဖြစ်လာနိုင်လဲ

မော်လမြိုင် ၊ အောက်တိုဘာ ၃၁ ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေအတွက် ပြင်ဆင်နေတယ်လို့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောလောဆယ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသတွင်း PDF တွေနဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာ နှစ်ဖက်စစ်ရေး…

အကျဉ်းသားတွေကို စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းလာနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၃၁ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်းသဖွယ် အချက်အ လက်ကောက်ယူနေတာဟာ စစ်မှုထမ်းစစ်သားစုဆောင်းဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်နေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာလကစပြီး နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေသူတွေကို အမည်၊အသက်၊ပညာရေးအရည်အချင်း၊ ကျန်းမာရေး ကောင်းမကောင်းအပါအဝင် ကိုယ်ရေးအချက်အလက် အသေးစိတ်လိုက်လံကောက်ယူနေတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အဆိုအရ…

အင်အားကြီး ခေါပုတ်တပ်စခန်းကို KNLA/PDF သိမ်းပိုက်

ဖာပွန်၊ အောက်တိုဘာ ၃၁ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်တပ်စခန်းကို KNLA/PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်မြို့ အရှေ့မြောက်ဘက်ခြမ်း ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ခေါပုတ်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၉…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ

ကျိုက်ထို၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲရုံးကြီးကျေးရွာကနေ ကျောက်ပုံကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျောက်ပုံကျေးရွာနဲ့အနီးအနားဝန်း ကျင် ကျေးရွာ ၃…

သံမဏိကွန်ချာ လေကြောင်းရန် ကာကွယ်ရေးစနစ် တပ်ဆင်မယ်လို့ တူရကီ သမ္မတ ပြော

အန်ကာရာ၊ အောက်တိုဘာ ၃၀ တူရကီအနေနဲ့ မကြာခင်မှာ ကိုယ်ပိုင် သံမဏိကွန်ချာ လေကြောင်းရန် အထပ်ထပ် ကာကွယ်ရေးစနစ် တည်ဆောက်နိုင်ဖို့ ရည်မှန်းထားကြောင်းနဲ့ တာဝေးပစ် ဒုံးကျည်တွေရဲ့ စွမ်းပကားကိုလည်း တိုးမြှင့်သွားမယ့်အကြောင်း သမ္မတ အာဒိုဂန်က အောက်တိုဘာ ၂၉ ရက်က ပြောကြားလိုက်ပါတယ်။ နေတိုးအဖွဲ့ဝင် တူရကီဟာ ကာကွယ်ရေးပစ္စည်းတွေအတွက် ပြည်ပက ထောက်ပံ့သူတွေအပေါ် မှီခိုနေရမှုကို မကြာသေးခင် နှစ်တွေက…

စစ်ခေါင်းဆောင်နဲ့ တွေ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေး တိုက်တွန်းခဲ့ကြောင်း ကုလ အထူးကိုယ်စားလှယ် ပြော

နယူးယောက်၊ အောက်တိုဘာ ၃၀ နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က အောက်တိုဘာ ၂၉ ရက်မှာ ပြုလုပ်တဲ့ ကုလ အစည်းအဝေး တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။ မြန်မာ့ပဋိပက္ခအတွင်း ပါဝင်နေကြသူတွေအနေနဲ့ အရင်က ထားရှိခဲ့တဲ့ တစ်ဘက်ဘက် လုံးဝ ရှုံးမှဖြစ်မယ်ဆိုတဲ့ အတွေးကို…

စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ထပ်မံသေဆုံး

မော်လမြိုင်၊ အောက်တိုဘာ ၃၀ ၂၀၂၄ ခုနှစ် ပထမဆယ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးသူ စုစုပေါင်း ၅၀ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ အောက်တိုဘာ…

စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် သုံးဦးနဲ့ လုပ်ငန်းတွေကို အီးယူ၊ ဗြိတိန်နဲ့ ကနေဒါ ဒဏ်ခတ် အရေးယူ

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၃၀ နယ်ခြားစောင့်တပ်အဖြစ်က KNA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ ခေါင်းဆောင် စောချစ်သူ အပါအဝင် လူသုံးဦးနဲ့ လုပ်ငန်းတွေကို ဥရောပသမဂ္ဂ (အီးယူ)၊ ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ဒေသတွင်း တခြားနိုင်ငံတွေက လူတွေကို…

လားရှိုးမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲပြန်

လားရှိုး၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နဲ့ ရက်ကွက် ၁၁ ရှိ…

ချောက်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် အရပ်သားပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မကွေး အောက်တိုဘာ ၂၉ မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ အရပ်သားပြည်သူ ၂၀၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်း ထိုးမှုတွေကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ “အဲဒီဒေသတွေမှာ…