May 13, 2024

စစ်အာဏာသိမ်း (၁၁၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၄ AAPP ရဲ့ မေ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၉၈) ရက်အတွင်း ပြည်သူ (၅၀၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၆၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် မွန်ပြည်နယ်မှာ စက်သုံးဆီစတင်ပြတ်လပ်

မော်လမြိုင် ၊ မေ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ပြည်နယ်အတွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရပြီလို့ ဒေသခံတွေနဲ့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်လာ

မော်လမြိုင် ၊ မေ ၁၄ မွန်ပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ မြို့ နယ်တွေမှာ စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သထုံ၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ညပိုင်းအချိန်တွေ နေ့စဉ်ရက်ဆက် စစ်ရ ဟတ်ယာဉ်နဲ့ ကင်းထောက်လာတာပါ။ ရေးမြို့နယ်ဒေသခံတစ်ဦးကတော့…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

ဘီးလင်း၊ မေ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျုံအိတ်တံတားကို တော်လှန်ရေးအင်အားစု…

နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့အတူ အလင်းဝင်

မြဝတီ၊ မေ ၁၄ ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကူသွားရောက်မယ့် နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါ ဝင်တဲ့ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံ တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အ လင်းဝင်ရောက်လာတယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်မ ၅၅ က စစ်ကောင်စီတပ်သား နှစ်ဦးဟာ လက်နက်တွေယူဆောင်လာပြီး မေ ၁၂ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံ…

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ထားဝယ်၊ မေ ၁၃ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီရဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ဟာ ဒီကနေ့ မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား ၂၀ နီးပါး တပ်စွဲထိုင်တဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု…

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄၁ ဦးကို MNDAA ပြန်လွှတ်

လောက်ကိုင်၊ မေ ၁၃ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ‌‌‌‌‌‌‌‌‌‌‌‌‌‌မေ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နဲ့…

နျူကလီးယားဗုံးတွေ ပိုင်ဆိုင်ထားပြီလို့ အီရန် လွှတ်တော်အမတ် ကြေညာ

တီဟီရန်၊ မေ ၁၃ အီရန်နိုင်ငံမှာ နျူကလီးယားဗုံးတွေ ထုတ်လုပ်ဖို့ လုံလောက်တဲ့ ယူရေနီယမ်တွေ ပိုင်ဆိုင်ထားပြီလို့ နိုင်ငံတကာ အဏုမြူအေဂျင်စီက သတိပေးခဲ့ပြီးနောက် လွှတ်တော်အမတ် တစ်ယောက်က အီရန်မှာ နျူကလီးယား လက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ မေ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မိမိရဲ့ အမြင်မှာ မိမိတို့ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် မကြေညာသေးတာ…

မြန်မာဒုက္ခသည် ၅၈၀၀ ကျော်ကို မကြာခင် နေရပ်ပြန်ပို့မယ်လို့ မဏိပူရဝန်ကြီးချုပ် ပြော

အင်ဖာ၊ မေ ၁၃ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာပြီး ခမ်ဂျွန်ဒေသမှာ ခိုလှုံနေသူ ၅၈၀၀ ကျော်ကို မကြာခင် ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ မဏိပူရဝန်ကြီးချုပ် အမ်ဘီရန်ဆင်းချ်က ပြောကြားပါတယ်။ မေ ၁၂ ရက်က အင်ဖယ်ဒေသမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဆင်းချ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဏိပူရသို့…

ပွိုင့် ၁၀၂၀ စခန်းကုန်းမှ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိ

ဘုတ်ပြင်း၊ မေ ၁၃ စစ်ရေးအရအရေးပါတဲ့ တနင်္သာရီမြို့နဲ့ဘုတ်ပြင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့် စခန်းကုန်းမှ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BLACK CORBA COLUMN ထံက သိရပါတယ်။ ဘုတ်ပြင်းမြို့ အခြေစိုက် စကခ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းတပ်စွဲထားတဲ့ အဲဒီစခန်းကို…