အစ္စရေးကို လက်တုန့်ပြန်မှာမဟုတ်ဘူးလို့ အီရန်ဆို
တီဟီရန်၊ဧပြီ ၂၁ အစ္စရေးတိုက်ခိုက်တာလို့ သတင်းရင်းမြစ်တွေက ပြောခဲ့တဲ့ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံရဲ့ မြို့ တစ်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့် အဲဒီတိုက်ခိုက်မှုကို လက်စားချေသွားဖို့အစီအစဉ် မရှိဘူးလို့ အီရန်အစိုးရက ပြောပါတယ်။ အစ္စဖာဟန်မြို့ကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေဟာ ဒရုန်းအသေးစားတွေသာဖြစ်ပြီး ထိခိုက်ပျက်စီး မှုမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုထားတာပါ။ အီရန်ရဲ့ အေးဆေးစွာတုန့်ပြန်မှုကြောင့် အင်အားသုံးစစ်ပွဲမဖြစ်လာရေး သံတမန်တွေရဲ့ ကြိုးပမ်း မှုအောင်မြင်ခဲ့တယ်လို့ ဆိုနေကြပါတယ်။ အစ္စရေးအသုံးပြုသွားတဲ့…