အစ္စရေးကို လက်တုန့်ပြန်မှာမဟုတ်ဘူးလို့ အီရန်ဆို

0
22

တီဟီရန်၊ဧပြီ ၂၁

အစ္စရေးတိုက်ခိုက်တာလို့ သတင်းရင်းမြစ်တွေက ပြောခဲ့တဲ့ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံရဲ့ မြို့ တစ်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့် အဲဒီတိုက်ခိုက်မှုကို လက်စားချေသွားဖို့အစီအစဉ် မရှိဘူးလို့ အီရန်အစိုးရက ပြောပါတယ်။

အစ္စဖာဟန်မြို့ကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေဟာ ဒရုန်းအသေးစားတွေသာဖြစ်ပြီး ထိခိုက်ပျက်စီး မှုမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုထားတာပါ။

အီရန်ရဲ့ အေးဆေးစွာတုန့်ပြန်မှုကြောင့် အင်အားသုံးစစ်ပွဲမဖြစ်လာရေး သံတမန်တွေရဲ့ ကြိုးပမ်း မှုအောင်မြင်ခဲ့တယ်လို့ ဆိုနေကြပါတယ်။

အစ္စရေးအသုံးပြုသွားတဲ့ လက်နက်တွေဟာ မိမိတို့ကလေးတွေ ဆော့ကစားနေတဲ့ ကစားစရာ သာသာလောက်သာရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီရက်ဒိုလာ ဟီယန်က ပြောခဲ့ ပြီး ဒေသတွင်းမီဒီယာတွေမှာလည်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရှင်းလင်းနိုင်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်းစစ်ပွဲဖြစ်လာစေမယ့် တင်းမာမှုအရှိန်မြင့်လာမယ့်အခြေအနေကို ရှောင်ရှားလိုတာ ကြောင့် လက်စားချေမယ့် ကိစ္စကို လုပ်ဆောင်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါ သေးတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးက အမေရိကန်ကို ပြောဆိုထားတာမရှိဘူးလို့လည်း အမေရိ ကန်အစိုးရက ပြောပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ အစ္စရေးရဲ့ လုံခြုံရေးအတွက် ကတိပြုထားပေမယ့် တိုက်ခိုက်မှုတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ အသိပေးထားတာပါ။

လက်ရှိမှာတော့ အီရန်ထောက်ပံ့ထားတဲ့ အဖွဲ့တွေက ပါလက်စတိုင်းသားတွေကို ထောက်ခံတယ် လို့ဆိုထားပြီး လက်ဘနွန်၊ယီမင်နဲ့ အီရတ်ကနေ အစ္စရေးကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အတွက် ဂါဇာအရေးကနေ ဒေသဆိုင်ရာ စစ်ပွဲအထိဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါ တယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.