လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

0
32

လောင်းလုံး၊ ဧပြီ ၃

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ဧပြီ ၃ ရက် မနက် ၈ နာရီခွဲအချိန်ခန်မှာ စစ်ကောင်စီရဲ့ သဲပုံတောင်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သာယာကုန်းကျေးရွာဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းကျေးရွာက နေအိမ်တစ်လုံးရဲ့ အနောက်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ ကျော်အရွယ် ကိုသူစိုး (ခေါ်) စုကမ်းအိုဟာ ဝမ်းဗိုက်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ညကလည်း သဲပုံတောင်တပ်စခန်းကနေ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်း နင်းမိမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.