February 2, 2024

ဂန့်ဂေါမှာ ထိခိုက်ဒဏ်ရာရ PDF တွေအတွက် NUG ထောက်ပံ့ငွေပေးအပ်

ဂန့်ဂေါ – ဖေဖော်ဝါရီ ၂ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ ရဲဘော်တွေအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ်သိန်း ၃၁၅သိန်း ပေးအပ် ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ ညှိနှိုင်းရေးဗဟို ကော်မတီက ဆေးကုသဖို့အတွက် ဂန့်ဂေါမြို့နယ်…

ကရင်ပြည်နယ် ကျိုက်ဒုံမြို့မှာ တိုက်ပွဲပြင်းထန်နေ

ကျိုက်ဒုံ၊ ဖေဖော်ဝါရီ ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်ထန်းနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့စကစပြီး စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို…

တနင်္သာရီ ဘန်လောဒေသကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန် ရေးအင်အားစုတွေထံက သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ ဘန်လောကျေးရွာထဲ ဝင်ရောက်လာတာကြောင့် တော် လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား…

လောင်းလုံးမြို့က မောင်းမကန်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံး

လောင်းလုံး၊ ဖေဖော်ဝါရီ ၂ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး…

အာဏာသိမ်းသုံးနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးသေဆုံး

မော်လမြိုင် – ဖေဖော်ဝါရီ ၂ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်အပါ အဝင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးသေဆုံးခဲ့ပြီး ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါ တယ်။ သေဆုံးသူတွေထဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး တိုင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကတော့ ဖမ်းဆီးခံထားရချိန်မှာ လုံလောက်တဲ့ ဆေးကုသ ခွင့်မရလို့…

စစ်အုပ်စုအပေါ် ခိုင်မာတဲ့ အရေးယူမှုတွေ ချမှတ်ဖို့ အရပ်ဘက် ၄၆၂ ဖွဲ့က အရေးတကြီး တိုက်တွန်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC အနေနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ပိုင်ခွင့် အာဏာနဲ့အညီ မြန်မာစစ်အုပ်စုအပေါ် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အရပ် ဘက်အဖွဲ့အစည်း ၄၆၂ ဖွဲ့က အရေးတကြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ဖို့နဲ့မြန်မာနိုင်ငံရှိ အရပ်သားပြည် သူတွေ အကာအကွယ်ပေးဖို့ လျင်မြန်တဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့ အရပ်ဘက်အဖွဲ့တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို…

ချင်းပြည်အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို

ချင်းလုံ၊ ဖေဖော်ဝါရီ ၂ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ထားတဲ့ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားလွှတ်တော်ချုပ်နဲ့ စာရင်းစစ်ချုပ်တို့အဖြစ် ခန့်အပ်ရတဲ့လူပုဂ္ဂိုလ်တွေ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့ ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်လွှတ်တော်အပါအဝင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းလိုက်ကြောင်း စစ်တပ် အာဏာသိမ်း သုံးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ချင်းပြည်ကောင်စီက ကြေညာခဲ့တာပါ။ ချင်းပြည်အစိုးရအဖွဲ့မှာ…

“ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာလည်း တွေ့ရတယ်”

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၉၅ ဦး သေဆုံးပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ရှောင် ဒုက္ခသည် ၇ သိန်းခွဲအထိ တိုးလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် နှစ်အစမှာပဲ အရပ်သားပြည်သူတွေ…

စစ်အာဏာသိမ်း (၁၀၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၇၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ AAPP ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၆) ရက်အတွင်း ပြည်သူ (၄၄၇၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၄၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

အာဏာသိမ်းသုံးနှစ်ပြည့်ကစလို့ ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာနိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ အာဏာသိမ်းမှု သုံးနှစ်ပြည့်လာချိန်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့အစည်းတွေရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကြောင့် ပြည်တွင်းစစ်တိုက်ပွဲအရှိန်အဟုန် ပိုမိုပြင်းထန်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ NUG အပါအဝင် EAO တွေဖြစ်တဲ့ ကရင်အဖွဲ့ KNU ၊ ချင်းအဖွဲ့ CNF ၊ ကရင်နီအဖွဲ့…