January 12, 2024

လောင်းလုံးမှာ စစ်ရှောင်ဒုက္ခသည် တစ်သောင်းကျော်အထိတိုးလာ

လောင်းလုံး၊ ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ တစ်လနီးပါးအကြာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဒေသခံ ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီး ဒီနေ့အထိ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၆ ရွာက ဒေသခံ…

သမ္မတရာထူးရှိချိန်မှာ တရုတ်နဲ့ဆော်ဒီဆီက ငွေကြေးလက်ခံရရှိခဲ့တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူသမ္မတတာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံခြားအစိုး ရတွေဆီက ငွေကြေးလက်ခံခဲ့တာဟာ နိုင်ငံခြားအစိုးရအဖွဲ့တွေအတွက် ဝန်ဆောင်မှုပေးခဲ့တာ ကြောင့် ငွေအနည်းငယ် ရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ထရန့်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ သူအမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန် အတွင်း တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ဆီက ဒေါ်လာ ၇ ဒသမ ၈ သန်းထက်မနည်း လက်ခံရရှိခဲ့တယ်လို့ လွှတ်တော်ကြီးကြပ်ရေးကော်မတီရဲ့ အစီရင်ခံစာမှာဖော်ပြထားတာပါ။ သူပိုင်တဲ့…

ရုရှားမှာ စစ်လက်နက်ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ ယူကရိန်း သမ္မတပြော

ကိဗ်၊ ဇန်နဝါရီ ၁၃ ရုရှားမှာ စစ်လက်နက်ပစ္စည်းတချို့ ပြတ်လပ်နေတာကြောင့် ယူကရိန်းအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက ပူတင်အတွက် အမြတ်ထွက်သွားနိုင်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။ အက်စတိုးနီးယားနိုင်ငံ တယ်လင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်ခိုက်မှုတွေ ရပ်တန့်လိုက်ပါက လက်နက်ရရှိရေးအပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းအတွက် အကျိုးရှိမယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အခုလိုတုံ့ပြန်ခဲ့တာပါ။ ယူကရိန်း နယ်နိမိတ်ထဲက စစ်မြေပြင်မှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်တာက…

ကျိုက်ထိုမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အင်းဝဘဏ်လုံခြုံရေးအဖွဲ့ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ကားတစ်စီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်…

အကျဉ်းသား ၃၀၀ နီးပါးကို TNLA ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေး၊ စစ်သုံ့ပန်းတွေမပါဝင်

မော်လမြိုင် – ဇန်နဝါရီ ၁၂ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပေးလိုက်ပြီး အဲဒီထဲမှာ စစ်သုံ့ပန်းတွေ မပါဝင်ဘူးလို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပါ။ အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးထဲက ထောင်ဒဏ်…

KNU ကယားပြုံးချောင်းရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီး

တောင်ငူ၊ ဇန်နဝါရီ ၁၂ စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ KNU တပ်မဟာ ၂ တောင်ငူခရိုင် ကယားပြုံးချောင်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တောင်ငူ-သံတောင် ၁၃ မိုင်ကားလမ်း ၅…

အိမ်နီးချင်းနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေပါ ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်းလာ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ဥရောပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေပါ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ အရင်က ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူစတဲ့ နိုင်ငံတွေမှာသာ ဝင်ငွေခွန် ပေးဆောင်ရတာဖြစ်ပြီး အခုချိန်မှာတော့ စစ်ကောင်စီဟာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံတွေက မြန်မာလုပ်သားတွေပါ ဝင်ငွေခွန် ပေးဆောင်ရမယ်လို့…

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ထောင်တသက်ချခဲ့တဲ့စစ်ကောင်စီကို IPCM ရှုတ်ချ

မော်လမြိုင် – ဇန်နဝါရီ ၁၂ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တဲ့ အတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းဟာ သတင်းမီဒီယာကျင့်ဝတ်အရ ဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊တည်ဆဲဥပဒေတွေအရဖြစ်စေ ပြည်သူတို့ရဲ့…

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်အရွေးခံရ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲမရှိ

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၂ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမရှိဘဲ အတည်ပြု ‌ရွေးချယ်ပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်က ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ပါတီရဲ့ ဗဟိုဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ ဖြစ်ကြပြီး ကျန်ရှိတဲ့…

စစ်အာဏာသိမ်း (၁၀၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ AAPP ရဲ့ ဇန်နဝါရီ (၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၅) ရက်အတွင်း ပြည်သူ (၄၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…