TLT Tv||- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၂၇) ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/iTB8y4JNQ6Q
https://youtu.be/iTB8y4JNQ6Q
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထု တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” NUGသည် ခံစစ်အတွက် ဗုံးခိုကျင်းတွေတူးကာ ကလေးတွေကို ထည့်သွင်းဓာတ်ပုံရိုက်နေတယ် “ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို…
မော်လမြိုင် – ဇန်နဝါရီ(၂၇) တော်လှန်ရေးအဖွဲ့အားလုံးဟာ အခုချိန်မှာ နိုင်ငံရေး၊စစ်ရေးကဏ္ဍအားလုံးမှာ တိုက်စစ်ဆင် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏက ပြောပါတယ်။ ဒီနေ့ဇန်နဝါရီလ(၂၇) ရက် မနက်ပိုင်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်း၊မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။ “ယခုအချိန်က နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးမှာ တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင်…
ဖြူး – ဇန်နဝါရီ(၂၇) ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်တို့မှာ လောင်းကစားဝိုင်းတွေပြုလုပ်ပြီး စစ်ကောင်စီကို ဆက်ကြေးပေးနေတဲ့ ပျူစောထီးခေါင်းဆောင်(၃)ဦးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း လိုက်တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၅) ရက်နေ့မနက်ပိုင်းက ပျူစောထီးမျိုးဇော်ဦး၊လူမိုက်ခေါင်းဆောင် ပျူစောထီး မင်းအောင်(ခ)စောလေးကွေနဲ့ သူ့ရဲ့ဇနီးဖြစ်သူ အိမွန်ဆိုသူတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ပျူစောထီးမျိုးဇော်ဦးကိုတော့ ဖြူးမြို့နယ် ညောင်ပင်သာမြို့…
ကိဗ်၊ ဇန်နဝါရီ(၂၇) ဂျာမနီနဲ့အမေရိကန်တို့က ရှေ့တန်းကိုတင့်ကားတွေ စေလွှတ်ဖို့ကတိပြုပြီးတဲ့နောက် ရုရှားကသူ့ရဲ့ နောက်ဆုံး ပေါ် ဒုံးကျည်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံသားတွေကို ခိုလှုံရာနေရာရှာကြဖို့ အစိုးရ က တိုက်တွန်းခဲ့ရပါတယ်။ ယူကရိန်းအာဏာပိုင်တွေက ရုရှားတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့ပစ်ခတ်မှုမတိုင်မီ မြို့တော်ကိဗ်အပါအဝင် နိုင်ငံ တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အိုဒီဇာရပ်ကွက်အုပ်ချုပ်ရေးမှူးက ဗလာဒီမာပူတင်ရဲ့စစ်တပ်ဟာ လေယာဉ်နဲ့ သင်္ဘောတွေအသုံးပြုပြီး ယူကရိန်းကို ကြီးမားတဲ့ဒုံးကျည်တွေနဲ့…
ရန်ကုန် – ဇန်နဝါရီ(၂၇) စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်မှာ (၃၃) ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ရှိကာလအတွင်း ခြောက်နှစ်ကျော်ကြာ ကျဆင်းခဲ့တဲ့ ဘိန်းစိုက်ပျိုးမှု အခြေအနေနောက်ပြန်လှည့်သွားခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNDOC) က ဒီမြင့်တက်လာမှုဟာ လွန်ခဲ့တဲ့ (၂) နှစ်က စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်း ကမောက်ကမ…
ဆိုးလ် – ဇန်နဝါရီ(၂၇) ကိုရီးယားနှစ်နိုင်ငံလုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မျှဝေထားတဲ့ နယ်စပ်ဝေဟင်ပိုင်နက်ထဲကို မောင်းသူမဲ့ လေယာဉ်တွေ စေလွှတ်ပြီး စစ်ဆိုင်းကာလ အပစ်အခတ်ရပ်ဆဲရေးချိုးဖောက်ခဲ့ ကြတယ်လို့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့(UNC) က သတင်းထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်(၅)စင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်က တောင်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ရဲ့ တိုက်လေယာဉ် တွေနဲ့ ရဟတ်ယာဉ်တ်ကို အပြိုင်အဆိုင်…
ရေဖြူ၊ ဇန်နဝါရီ(၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၉ ဦးကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးဟန်၊ ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက…
မော်လမြိုင်၊ ဇန်နဝါရီ(၂၇) AAPP ရဲ့ ဇန်နဝါရီ(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၂၅)ရက်အတွင်း ပြည်သူ (၂၈၉၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၈၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၇၇) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…
မော်လမြိုင်၊ ဇန်နဝါရီ(၂၇) စပါးပေါ်ကာလစကပြီး လအတော်အကြာငြိမ်သက်နေတဲ့ မွန်ပြည်နယ်ရဲ့ဆန်ဈေးနှုန်းဟာ ဇန်နဝါရီ နောက်ဆုံး အပတ်မှာတော့ ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ ပြည်နယ်အတွင်းမှာ စပါးလက်ကျန်နည်းပါးလာမှုနဲ့အတူ သယ်ယူပို့ဆောင်ရေး အပါ အဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တာပါ။ ပေါင် (၁၂၀) အလေးချိန်ရှိတဲ့ ဆန်ချောအုပ်စုဝင် စပါးဟာ ဇန်နဝါရီပထမအပတ်အတွင်း ကျပ် ၁၆…