တော်လှန်ရေး(၃) နှစ်မြောက် နှစ်ပတ်လည်မရှိအောင် အစိုးရအဖွဲ့ဝင်တွေကြိုးစားကြဖို့ တိုက်တွန်း
မော်လမြိုင် – ဖေဖော်ဝါရီ(၈) စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးရဲ့ (၃) နှစ်မြောက်နှစ်ပတ်လည်ဆိုတာမရှိစေရ အောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ တော်လှန်ရေးအစုအဖွဲ့အားလုံးနဲ့ တညီတညာတည်း ကြိုးစားကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “အမျိုးသားညီညွတ်ရေးအစိုးရရဲ့ one year plan…
