December 27, 2023

မလေးရှားမှာ ရေလွှမ်းမိုးမှုကြောင့် လူ ၂၆၀၀၀  နီးပါး ဘေးလွတ်ရာရှောင်တိမ်းနေရ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၈ မလေးရှားနိုင်ငံရဲ့ ပြည်နယ်လေးခုက လူဦးရေ ၂၆၀၀၀ နီးပါးဟာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှု အခြေအနေတွေကြောင့် နေရပ်စွန့်ခွာနေရပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ လူမှုဖူလှုံရေးဦးစီးဌာနက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းအထိ ကီလန်တန်၊တီရန်ဂါနူ၊ပန်ဟန်နဲ့ ဆီလန်ဂေါမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၂၁၁ ခုမှာ ရေဘေးသင့်ပြည်သူ ၂၅၉၀၀ အထိရှိတယ်လို့ ရေကြီးသတင်းတွေဖော်ပြနေတဲ့…

ဂျပန်က ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံ လုပ်ငန်းပြန်လည်စတင်မယ်

တိုကျို၊ ဒီဇင်ဘာ ၂၈ ဂျပန်နိုင်ငံရဲ့ နျူကလီးယားဓာတ်အားထိန်းညှိရေးဌာနက တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီရဲ့ ကာရှီဝါဆာကီ ကာရီဝါလို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ဓာတ်အားပေးစက်ရုံအပေါ် ချမှတ်ထားတဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တားမြစ်ချက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုတ်သိမ်းပေးလိုက်ပါတယ်။ တိုကျို ဓါတ်အားပေးစက်ရုံ Tepco ဟာ လုပ်ငန်း လည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် ကမ္ဘာ့အ ကြီးဆုံး အဏုမြူဓာတ်အားပေးစက်ရုံကို ပြန်လည်ဖော်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဖူကူရှီးမား…

မြောက်ကိုရီးယား အာဏာရပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေ

ဆိုးလ်၊ ဒီဇင်ဘာ ၂၈ မြောက်ကိုရီးယားအာဏာရပါတီရဲ့ နှစ်ကုန်ပိုင်းအစည်းအဝေးကို ခေါင်းဆောင်ကင်မ်ဂျုံအန်း တက်ရောက်မှုနဲ့ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် အဓိက မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ နိုင်ငံပိုင်မီဒီယာမှာဖော်ပြထားပါတယ်။ ခေါင်းဆောင်ကင်မ်ဟာ လုံခြုံရေး၊သံတမန်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေက မူဝါဒတွေကို ဖော်ပြဖို့ အလုပ်သမားပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးကို စင်မြင့်တစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။ မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်နိုင်ခဲ့တာ၊ နျူကလီးယားစွမ်းအင် တည်ရှိရေးကို…

ပေါင်မြို့နယ်မှာ လင်မယားရန်ဖြစ်ပြီး ယောက္ခမနေအိမ် မီးရှို့ခံရလို့ ကလေးငယ် တစ်ဦး သေဆုံး

ပေါင် – ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ လင်မယားတွေ ရန်ဖြစ်ပြီးနောက် သမက်ဖြစ်သူက ယောက္ခမနေအိမ် မီးရှို့ရာကနေ နေအိမ် နှစ်လုံးမီလောင်ပျက်စီးသွားပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမီးလောင်မှုဖြစ်စဉ်ဟာ လယ်အငှားစောင့် လုပ်ကိုင်ကြတဲ့ ဦးခင်အေးနဲ့ဇနီးဒေါ်ခင်သန်းချို တို့ဟာ လင်မယားချင်းစကားများ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူက…

မင်းတုန်းမှာ စစ်ကောင်စီဖမ်းသွားတဲ့ အရပ်သားတွေ ဆယ်ရက်ကြာတဲ့အထိပြန်မလွတ်သေး

မင်းတုန်း – ဒီဇင်ဘာ ၂၇ မကွေးတိုင်း၊သရက်ခရိုင် မင်းတုန်းမြို့နယ်က စစ်ကောင်စီဖမ်းသွားတဲ့ပြည်သူတွေဟာ ဆယ်ရက်ကြာတဲ့အထိ ပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ငပြင်းနဲ့ ရွာသစ်ကျေးရွာက ပြည်သူ ၁၇ ဦးကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားတာပါ။ “အဖမ်းခံရတယ်။နှိပ်စက်တယ်။ခုသူတို့ဝင်နေတဲ့စစ်ကြောင်းမှာဆိုရင် အဖမ်းခံရတဲ့ သူတွေကို လမ်းပြအဖြစ်ပြန်ပြီးခေါ်ဆောင်လာတာတွေရှိတယ်။” လို့ သရက်ခရိုင်…

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA နဲ့ တော်လှန်ရေးပူပေါင်းတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးသေ

ကျောက်ကြီး၊ ဒီဇင်ဘာ ၂၇ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူလေးအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၃)၊ မူမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနဲ့ နရွဲပင်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)…

ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ် ၄၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၇ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် ရှိ ဒေသခံနေအိမ် ၄၀ နီးပါးဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံ တွေကနေ သိရပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် KNLA…

လွိုင်ကော်မြို့ပေါ်က ဒေသခံနေအိမ်တွေ နေ့တိုင်နီးပါး မီးရှို့ဖျက်ဆီးခံနေရ

လွိုင်ကော်၊ ဒီဇင်ဘာ ၂၇ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံနေအိမ်တွေ ကို စစ်ကောင်စီတပ်ကနေ နေ့တိုင်နီးပါး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး…