မြောက်ကိုရီးယား အာဏာရပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေ

0
44
North Korean leader Kim Jong Un and senior North Korean officials take part in a meeting at the Mansudae Assembly Hall to mark the 50th anniversary the next day of the promulgation of the country's Socialist Constitution, in Pyongyang, North Korea, in this undated photo released on December 26, 2022 by North Korea's Korean Central News Agency (KCNA). KCNA via REUTERS

ဆိုးလ်၊ ဒီဇင်ဘာ ၂၈

မြောက်ကိုရီးယားအာဏာရပါတီရဲ့ နှစ်ကုန်ပိုင်းအစည်းအဝေးကို ခေါင်းဆောင်ကင်မ်ဂျုံအန်း တက်ရောက်မှုနဲ့ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် အဓိက မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ နိုင်ငံပိုင်မီဒီယာမှာဖော်ပြထားပါတယ်။

ခေါင်းဆောင်ကင်မ်ဟာ လုံခြုံရေး၊သံတမန်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေက မူဝါဒတွေကို ဖော်ပြဖို့ အလုပ်သမားပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးကို စင်မြင့်တစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။

မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်နိုင်ခဲ့တာ၊ နျူကလီးယားစွမ်းအင် တည်ရှိရေးကို အခြေခံဥပဒေထဲမှာ ထည့်သွင်းတာ၊နိုင်ငံ ဖြတ်ကျော်ပဲ့ထိန်းဒုံးပစ် ခတ်မှုတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာတော့ ကင်မ်ဟာ ၂၀၂၃ ခုနှစ်ကို ကောင်းမွန်တဲ့ အလှည့်အပြောင်းတွေဖြစ်ခဲ့တဲ့ နှစ်တွေထဲက တစ်နှစ်ဖြစ်တယ်လို့ ဆိုထားတဲ့အကြောင်းကို KCNA မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ခေါင်းဆောင်ကင်မ်က ဆိုရှယ်လစ်တည်ဆောက်မှုနဲ့ နိုင်ငံတော်အာဏာ အားကောင်း လာစေဖို့အတွက် နယ်ပယ်အားလုံးမှာ အောင်မြင်မှုနဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ခဲ့ရပြီဖြစ် တယ်လို့ ဆိုထားပါတယ်။

ထောက်လှမ်းရေးဂြိုလ်တုအပါအဝင် မြောက်ကိုရီးယားရဲ့ ဗျူဟာမြောက် လက်နက်တွေဟာ စစ်ဆင်ရေးမှာ ပိုမိုမြင့်မားတဲ့ အခြေအနေတစ်ခုအထိဖြစ်စေတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ အစည်းအဝေးမှာ အချက် ၆ ချက်ဆွေးနွေးခဲ့ကြပြီး တစ်နှစ်အတွင်း မြောက် ကိုရီးယားရဲ့ မူဝါဒတွေကို ဘယ်လိုအကောင်အထည်ဖော်ခဲ့ကြောင်းကို သုံးသပ်ခဲ့ကြသလို ၂၀၂၄ ခုနှစ်အတွက် ရုန်းကန်ရမယ့် ဦးတည်ချက်တွေနဲ့ အမျိုးသားအဆင့် ဘတ်ဂျက်လျာထားပေးမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နျူကလီးယားလက်နက်နဲ့ နှိုးဆော်လာမယ်ဆိုရင်လည်း မြောက်ကိုရီးယားအနေနဲ့ နျူတိုက်ခိုက် မှုတွေကို ဆင်နွှဲဖို့ တွန့်ဆုတ်မှာမဟုတ်ဘူးလို့ ခေါင်းဆောင်ကင်မ်ဂျုံအန်က ပြောထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားဟာ သုံးကြိမ်မြောက်အဖြစ် အဆင့်မြင့်ပဲ့ထိန်းဒုံးကို စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်လွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာပြီး ကိုရီးယားနှစ်နိုင်ငံကြား ချမှတ်ထားတဲ့ စစ်ရေးသဘောတူညီချက်ကျိုးပဲ့သွားသလို စစ်မဲ့ဇုန်တစ်လျှောက်မှာလည်း လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

Ref:AFP/ga

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.