November 9, 2023

အွန်လိုင်းလိမ်လည်မှုကြောင့် ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယား ပြည်နှင်ဒဏ်ပေး

ဖနွမ်းပင်၊နိုဝင်ဘာ ၁၀ အွန်လိုင်းလိမ်လည်မှု Scammer လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ သံသယ တရားခံ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယားက နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူတို့တွေဟာ ကမ္ဘောဒီးယား၊မြန်မာနဲ့ တခြားနေရာတွေမှာ အထိုင်ချကာ အွန်လိုင်းကတဆင့် လိမ်လည်ပြီးနောက် ငွေအမြောက်အများရယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။ အွန်လိုင်းလိမ်လည်ဖို့ အများဆုံးပစ်မှတ်ထားခံရတာဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဂျပန် ရာကူဇာဂိုဏ်းသားတွေလည်း လိမ်လည်မှုတွေမှာ…

ပါလက်စတိုင်းတွေကို ကာကွယ်ပေးဖို့ ဘိုင်ဒန်အား ဒီမိုကရက်တစ်အမတ်တွေ တိုက်တွန်း

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ဂါဇာကမ်းမြောင်ဒေသရှိ ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ထောက်ရှု့ကာ ပါလက်စတိုင်း ခရီးသွားတွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို အမေရိကန်မှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့အတွက် ဒီမိုကရက်တစ်လွှတ်တော်အမတ်တစ်စုက သမ္မတ ဂျိုးဘိုင်ဒင်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် ဒါဘင်ဦးဆောင်တဲ့ ဒီမိုကရက်တစ် အမတ် ၁၀၀ ကျော်က ဘိုင်ဒင်ကို စာပေးပို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ စာထဲမှာတော့…

လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီမှာ တိမ်အတုနဲ့ မိုးရွာသွန်းအောင်လုပ်ဖို့ စီစဉ်

နယူးဒေလီ၊နိုဝင်ဘာ ၁၀ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ အန္တရာယ်ရှိတဲ့ မီးခိုးတွေဖုံးလွှမ်းနေတာကြောင့် လေထုအရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တိမ်အတုနဲ့ မိုးရွာသွားအောင်လုပ်ဆောင်သွားမယ်လို့ ဒေသန္တရအစိုးရက ပြောပါတယ်။ ရာသီဥတုဆိုင်ရာ အခြေအနေတွေအရ လာမယ့်နိုဝင်ဘာ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက မြို့တော်အတွင်း မိုးရွာသွန်းအောင် ပြုလုပ်ဖို့ ကြိုးစားမယ်လို့ ဒေလီရဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးက ပြောထားပြီး ဥပဒေရပ်ဝန်းအတည်ပြုချက်လည်း ရရှိထားတယ်လို့ ဆိုထားတာပါ။…

NUG ငွေတိုက်စာချုပ်မှ ငွေပြန်ယူလိုသူတွေကို ပြန်ပေးမယ်လို့ အသိပေး

မော်လမြိုင် – နိုဝင်ဘာ ၉ NUG အစိုးရထံက ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေ ၂ နှစ် သက်တမ်းပြည့်ချိန်မှာ ငွေပြန်ယူလိုသူတွေကို စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်ပေးမယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရငွေတိုက်စာချုပ်ဝယ်ယူထားကြတဲ့ ကမ္ဘာတဝှမ်းက တော်လှန်ပြည်သူတွေကို အသိပေးကြေညာချက်မှာ ဖော်ပြထားတာပါ။ ငွေတိုက်စာချုပ်တွေကို…

နောင်ချိုမြို့ကို စစ်ကူလာတဲ့ သံချပ်ကား ၃ စီး တိုက်ခိုက်ခံရ

နောင်ချို၊ နို၀င်ဘာ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကူလာတဲ့ သံချပ်ကား ၃ စီးကို TNLAနဲ့ MDY PDF တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ ည ၉ နာရီခွဲခန့်မှာ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA နဲ့ MDY PDF…

စစ်ကိုင်း လက်တောင်းငယ်ရွာလုံးကျွတ်မီးရှို့ခံရ

ပုလဲ – နိုဝင်ဘာ ၉ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် လက်တောင်းငယ်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော်မီးလောင်ပျက်စီးခဲ့ရတယ်လို့ ABSDF Column -3 က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပုလဲမြို့နယ်ကနေ ယင်းမာပင်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်း ရှေ့ပြေးပွိုင့်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ပြီးနောက် အထိနာခဲ့တာကြောင့်…

ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းချက်

“ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ပဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံးလွတ်မြောက်တဲ့အထိ ပူးပေါင်း ဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်” ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်လိုက်ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ကို ထောက်ခံအားပေးတဲ့အနေနဲ့…

သိမ်ဇရပ်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်

ကျိုက်ထို၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်နေတဲ့အချိန် တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံး၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဗုံး…