ပါလက်စတိုင်းအတွက် ဂျပန်အစိုးရ ဒေါ်လာ ၆ သန်းနီးပါး ကူညီမယ်
တိုကျို၊ နိုဝင်ဘာ ၈ ဂါဇာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ပါလက်စတိုင်းတွေ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်ကို ကူညီပေးနိုင်ဖို့အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက ပြောပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနဲ့ဂျော်ဒန်ကို အလည်ပတ်ရောက်နေချိန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူအနေနဲ့ အစ္စရေးနဲ့ပါလက်စတိုင်း နှစ်နိုင်ငံစလုံးရဲ့…