မော်ရိုကိုမှာ ငလျင်ကြောင့် သေဆုံးသူ (၂၁၀၀) ကျော်ရှိလာ

0
1157

ရာဘတ် – စက်တင်ဘာ(၁၂)

မော်ရိုကိုနိုင်ငံရဲ့ အသေအပျောက်အများဆုံးငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ (၂၁၀၀) ကျော် သွားပြီဖြစ်သလို အသက်ရှင်ကျန်ရစ်သူတွေအတွက်လည်း အစားအစာ၊ ရေနဲ့ အမိုးအကာတွေရ ရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာလ(၉) ရက်နေ့ ညနေပိုင်းမှာ ပြင်းအား(၆.၈) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နောက် လူအများအပြားဟာ(၃)ညတာ ရင်ဆိုင်ခဲ့ရပြီး အိမ်များစွာ ပြိုကျတဲ့ နေရာဖြစ်တဲ့ အခြေ ချနေထိုင်လေ့ရှိတဲ့ ဝေးလံခေါင်းသီပြီး ကြမ်းတမ်းသော တောင်တန်းတွေမှာ ကယ်ဆယ်ရေးလုပ် သားတွေဟာ အဆိုးရွားဆုံး ထခိုက်ခံစားရတဲ့ ကျေးရွာတွေကို ရောက်ရှိဖို့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရ တာပါ။ 

သေဆုံးသူ(၂၁၂၂)ဦးနဲ့ အထက်မြင့်တက်လာပြီး(၂၄၂၁) ဦးဒဏ်ရာရရှိခဲ့တယ်လို့ တီဗီသတင်းမှာ ဖော်ပြထားကာ တခြားနိုင်ငံတွေက ကယ်ဆယ်ရေး ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာဖြစ်ကာ လိုအပ်ပါက ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင် ရုပ်သံကတဆင့် ပြောပါတယ်။ 

ငလျင်ကြောင့် သမိုင်းဝင် အရေးကြီးတဲ့ (၁၂) ရာစုရှေးဟောင်းဗလီတစ်ခု ပြိုကျပျက်စီးသွား တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပြီး မော်ရိုကိုနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေ ပျက်စီးမှုမှာ ပိုမိုသိသာလာသလို ငလျင်ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ မာရာကတ်ချ် ရှေးဟောင်းမြို့ရဲ့ အစိတ်အပိုင်းတွေကိုလည်း ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။

မာရာကတ်ချ်ရဲ့ တောင်ဘက်(၄၀) ကီလိုမီတာအကွာက မော်လေဘရာဟင်ဒေသရှိ နေထိုင်သူ တွေဟာ အပျက်အစီးတွေထဲက လူအသေတွေကို လက်ဗလာနဲ့ တူးဖော်ခဲ့ကြပုံကို ဖော်ပြခဲ့ကြ ပါတယ်။ 

“သူတို့ဟာ လိုအပ်တဲ့ ကယ်ဆယ်မှုမရလို့ သေဆုံးသွားကြရတယ်။ ကလေးတွေကို ကယ်ဆယ်ပြီး သူတို့အတွက် အကာအကွယ်နဲ့ အိမ်ကဝတ်စရာ ဘာမဆိုပါလာခဲ့အောင် ကြိုးစားခဲ့ပါတယ်” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အသက်(၃၆) နှစ်အရွယ် ယာဆင်ဟာ ရေ၊အစားအစာ၊လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ ပတ်သက်ပြီး စောဒကတက်ထားသလို အခုချိန်ထိ အစိုးရအကူအညီအနည်းငယ်သာ ရရှိထား တယ်လို့ ဆိုထားပါတယ်။ 

“ငါတို့အားလုံးဆုံးရှုံးခဲ့တယ်၊ ငါတို့တစ်အိမ်လုံးဆုံးရှုံးခဲ့တယ်၊ ကျနော်တို့က အစိုးရကို ကူညီ စေချင်တယ်။ နောက်ပိုင်းမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စီစဉ်တာဖြစ်တယ်” လို့ ဒေသခံ မိုဟာမတ် အယ်ဟေရန်က ပြောပါတယ်။ 

ဒါ့အပြင် သေဆုံးသူတွေထဲက (၂၅) လောင်းကိုလည်း ရွာရဲ့ ဆေးခန်းငယ်ကို ပို့ဆောင်ခဲ့ရ တယ် လို့ ဝန်ထမ်းတွေက ဆိုပါတယ်။ 

အဲဒီကျေးရွာတွေဟာ ရွံအုတ်၊သစ်သား ဒါမှမဟုတ် ဘိလပ်မြေနဲ့ လေညင်းတုံးတွေအသုံးပြုပြီး ဆောက်လုပ်ထားတဲ့ အိမ်တွေကြောင့် အဆောက်အအဦးတွေဟာ အလွယ်တကူ ပြိုကျပျက်စီး သွားခဲ့ရတာဖြစ်သလို ငလျင်ဟာလည်း ၁၉၆၀ ခုနှစ်နောက်ပိုင်း လူပေါင်း (၁၂၀၀၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ ခန့်မှန်းရတဲ့ သေဆုံးမှု အများဆုံး ငလျင်ပြီးနောက် မော်ရိုကိုနိုင်ငံမှာ အဆိုး ရွားဆုံး ငလျင်ဖြစ်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ မော်ရိုကို တပ်မတော်က စည်းရုံးကာ အိုးမဲ့အိမ်မဲ့တွေ အတွက် ရွက်ဖျင်တွဲတွေ တပ်ဆင်ပေးခဲ့ပြီး ဆိုင်အများစု ပျက်စီးတာ ဒါမှမဟုတ် ပိတ်သိမ်း သွားတာကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေရရှိဖို့ ရုန်းကန်နေကြ ရတာဖြစ်ပါတယ်။ 

စပိန်အရာရှိ(၅၆)ဦးနဲ့ အနံ့ခံခွေးလေးကောင် မော်ရိုကို နိုင်ငံကို ရောက်ရှိလာပြီး လူ(၃၀)နဲ့ ခွေး လေးကောင် ပါဝင်တဲ့ ဒုတိယအဖွဲ့တစ်ဖွဲ့ဟာ အဲဒီနေရာကို ဦးတည်သွားနေတယ်လို့ စပိန်က ပြော ပါတယ်။ 

ဒါ့အပြင် စက်တင်ဘာလ(၁၀) ရက်နေ့က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အထူးကျွမ်းကျင်သူ (၆၀) ဦးနဲ့ ခွေးလေးကောင်အပြင် လူလေးဦးပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ အကဲဖြတ်အဖွဲ့ကိုလည်း စေ လွှတ်ထားတယ်လို့ ဗြိတိန်က ပြောပါတယ်။ 

ကာတာနိုင်ငံကလည်း သူတို့ရဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ မော်ရိုကိုနိုင်ငံကို ထွက်ခွာသွားပြီ လို့ ဆိုထားသလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရမှုနဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.