August 2023

ကျိုက်ထိုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ သြဂုတ်(၃၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကညင်ချောင်းကျေးရွာမှာ သြဂုတ် ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကညင်ချောင်းကျေးရွာနေ ဒေသခံအမျိုးသား၂ ဦးဟာ ကျေးရွာအနီးရှိ တောထဲမှာ မျှစ်ချိုးဖို့သွားစဉ် အသက် ၃၀ အရွယ် ကိုအောင်ဆန်းဦးဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့်…

စစ်အာဏာသိမ်း (၉၄၁)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၁၇ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၃၁) AAPP ရဲ့ သြဂုတ်(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၁)ရက်အတွင်း ပြည်သူ (၄၀၁၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၅၃၂ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

မော်လမြိုင်မှာ ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်

မော်လမြိုင်၊ သြဂုတ်(၃၁) စက်သုံးဆီအပါအဝင် ရေသန့်ထုတ်လုပ်ရာမှာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာတာကြောင့် ၂၀ လီတာ ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြှင့်သတ်မှတ်တယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ အာဏာသိမ်းကာလအတွင်း တဖြည်းဖြည်းမြင့်တက်လာတဲ့ ရေသန့်ဈေးဟာ ပြီးခဲ့တဲ့မတ်လတုန်းက ရေသန့်တစ်ဘူးကို ကျပ် ၇၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ရာကနေ အခုအခါမှာတော့ တစ်ဘူးကို ကျပ် ၁၀၀၀ အထိ ထပ်မံတိုးမြှင့်လိုက်တာ…

မွန်တော်လှန်ရေးရည်မှန်းချက် ဘယ်လောက်အထိ ပြည့်ဝခဲ့ပြီ

လဲရေး၊ သြဂုတ်(၃၁) ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစ်စုကနေစတင်ခဲ့တဲ့ မွန်တွေရဲ့လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပါပြီ။ မွန်တိုင်းရင်းသားတွေရဲ့ ခေတ်သစ်တော်လှန်ရေးမှာ အသက်သွေးချွေးစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝထားလွမ်းဆွတ်ဂုဏ်ပြုတဲ့ မွန်တော်လှန်ရေးနေ့အခမ်းအနားကလည်း ဩဂုတ် ၃၁ ရက်နေ့မှာ ၇၆ ကြိမ်မြောက်ပြီး ဖြစ်ပါတယ်။ ကုန်လွန်သွားခဲ့တဲ့ နှစ်ကာလတလျှောက်လုံးကို ပြန်ကြည့်ရင် မွန်တိုင်းရင်းသားပြည်သူတွေရဲ့ ရည် မှန်းချက်ဟာ…

မွန်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်နေအိမ်တွေ ခပ်စိပ်စိပ်ချိပ်ပိတ်ခံလာရ

မော်လမြိုင်၊ သြဂုတ်(၃၁) နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေတဲ့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်နေအိမ်တွေကို စစ်ကောင်စီဘက်က ခပ်စိပ်စိပ်ချိပ်ပိတ်တာတွေ လုပ်ဆောင်လာပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ် ၂၉ ရက်နေ့မှာ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုတော် လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ဝင် ကိုရန်ရှင်းနေအိမ်နဲ့ ဂိုဒေါင်တစ်လုံးကို လာရောက်ချိပ်ပိတ်သွားတာပါ။ ဒါ့အပြင် သြဂုတ် ၂၈ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာက…

KNU ရွှေကျင်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား၂ ဦး သေဆုံး

ညောင်လေးပင်၊ သြဂုတ်(၃၁) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU ရွှေကျင်မြို့နယ် ပျဉ်ရေကြီးကျေးရွာထဲကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၆၄)တပ်ရင်းကနေ လက်နက်ကြီး ၃ ကြိမ်…

မြိုင်က စစ်ကောင်စီဂိတ် စနိုက်ဘာနဲ့ပစ်ခံရ ရဲနှစ်ဦးကျည်ထိမှန်

မြိုင် – ဩဂုတ်(၃၀) မကွေးတိုင်း၊မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်ကို တော်လှန်ရေးအင်အားစုတွေက စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ မြိုင်(ပ.က.ဖ) က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့က မြိုင်မြို့နယ်အနောက်ဘက်က ကိုးဆောင်ဘုန်းကြီးကျောင်း ဂိတ်မှာ ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်ရက်တည်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တာ ပါ။ “မနက်ပိုင်းက ဒုရဲအုပ်ဇင်မင်းထွန်းကိုပစ်ပြီးတော့ ထပ်မံစုံစမ်းကြည့်တော့ သေဆုံးသွားပြီလို့ သိရတယ်။ ကျန်…

အွန်လိုင်းအချစ်ရေးလိမ်လည်ပြီး လိင်ပိုင်းဆိုင်ရာအပြုအမူမှတ်တမ်းတွေနဲ့ ငွေညှစ်တဲ့ တရုတ်နိုင်ငံသား (၈၈) ဦးကို အင်ဒိုနီးရှားဖမ်းဆီး

ဘတ်တန်၊ သြဂုတ်(၃၁) အွန်လိုင်းအချစ်လိမ်လည်မှု ဂိုဏ်းတစ်ခုကို လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယရှိသူ တရုတ်နိုင် ငံသား ဒါဇင် ပေါင်းများစွာကို အင်ဒိုနီးရှားမှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် (၃၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ လုပ်ဖော်ကိုင်ဖက်တရုတ်တွေထံမှ သတင်းပေးချက်အရ အင်ဒိုနီးရှားရဲ တပ်ဖွဲ့ဟာ ရီအူ ကျွန်းစုရှိ ဘက်တန်မြို့ရှိ စက်ရုံဝင်းတစ်ခုမှာ အမျိုးသား (၈၃) ဦးနဲ့ အမျိုးသမီး…

တရုတ်မှာ မိုးသက်မုန်တိုင်းကြောင့် လူ(၄)ဦးသေဆုံးကာ ဒါဇင်နဲ့ချီပျောက်ဆုံးနေ

ပေကျင်း – ဩဂုတ်(၃၁) တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းကျရောက်မှုကြောင့် လူ(၄) ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံး နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဩဂုတ်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁) ရက်နေ့က တောင်တန်းထူထပ်တဲ့ ဂျင်ယန်မှာ ဆိုးရွားစွာ မိုးရွာခဲ့ပြီး နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။ မိုးရွာပြီး တစ်ပတ်ကျော်အကြာမှာတော့ နိုင်ငံပိုင်ရုပ်သံ CCTV က မုန်တိုင်းဟာ…

အင်္ဂလန်မှာ ကမ္ဘာ့ပထမဆုံး ကင်ဆာကုသဆေး စတင်မိတ်ဆက်

လန်ဒန် – ဩဂုတ်(၃၁) ဗြိတိန်အစိုးရရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အင်္ဂလန်နိုင်ငံအတွင်းမှာရှိတဲ့ လူနာ တွေကို ကုသမှုအကြိမ်ရေ လေးပုံတစ်ပုံအထိ လျှော့ချနိုင်မယ့် ကင်ဆာကုသဆေးကို ကမ္ဘာပေါ် မှာ ပထမဆုံးအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များ ထိန်းချုပ်ရေးအေဂျင်စီ(MHRA)ရဲ့ ခွင့်ပြု ချက်ရရှိပြီးနောက် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဩဂုတ်လ(၂၉) ရက်နေ့က ကင်ဆာကုထုံးဖြစ်တဲ့ ခုခံအားကုထုံး အေတီဇိုလစ်ဇင်မတ်နဲ့ ကုသမှုခံယူထားတဲ့ လူနာတွေရဲ့ အရေပြားအောက်မှာ…