စင်္ကာပူမှာ အာဏာရပါတီရဲ့ အမတ်နှစ်ဦးကို ရာထူးက ထုတ်ပယ်ခံရ

0
2294

စင်္ကာပူ – ဇူလိုင်(၁၈) 

စင်္ကာပူနိုင်ငံရဲ့လက်ရှိ အာဏာရပါတီက အောက်လွှတ်တော်အမတ်(၂) ဦး ကိုရာထူးကထုတ်ပယ်

လိုက်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပြီး အဲဒီဆောင်ရွက်ချက်ဟာ ပါတီရဲ့ စံချိန်စံညွှန်းကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ပြောပါတယ်။

နှုတ်ထွက်သွားသူနှစ်ဦးဟာ  People Action Party (PAP) ပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ ဖြစ်ပြီး အခုလိုဖြစ်စဉ်ဟာ ရှားရှားပါးပါးဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖြုတ်ချခံရသူတစ်ဦးဖြစ်တဲ့ Tan Chuan-Jin ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးကိုစွန့်ခွာကာ မိသားစုကိုပြန်လည် ကြည့်ရှု့လိုတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ 

“ရိုင်းစိုင်းပြီး လွှတ်တော်မဆန်တဲ့ စကားတွေပြောမိတဲ့အပြင် လွှတ်တော်မှာ အမှားလုပ်မိခဲ့တယ်” လို့ Tan Chuan-Jin ရဲ့ နှုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။ 

နောက်တစ်ဦးဖြစ်တဲ့ Cheng Li Hui ကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ပေး တာမရှိသလို မှတ်ချက်တစုံတရာပေးဖို့ တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိတဲ့ အပြင် အောက်လွှတ်တော်က ထုတ်ပယ်ကြောင်းကြေညာချက်နောက်မှာ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကိုပါ ဖြုတ်ချသွားတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကဒီနှုတ်ထွက်မှုတွေဟာ PAP မှ လက်ကိုင်ပြုထားတဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ မြင့်မားတဲ့ စံနှုန်းတွေကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းပတ်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီး Iswaran နဲ့ ဟိုတယ်သူဌေးကြီး တို့ကို အဆင့်မြင့် အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ဖမ်းဆီးခံထားရတယ်လို့ သိရပါ တယ်။ 

စင်္ကာပူဝန်ကြီးချုပ် လီဟာ လာမယ့် ဩဂုတ်လ(၁) ရက်နေ့မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ သစ်တစ်ဦးကို အမည်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ ပြောခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ချက်ချင်းကျင်းပဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.