Move Forward ပါတီက အစိုးရသစ်ဖွဲဖို့ ကြိုးပမ်းနေချိန် ထိုင်းပါလီမန် ကျင်းပမယ်

0
2168
Pita Limjaroenrat, Move Forward leader poses with members of parliament before Thailand's King Maha Vajiralongkorn inaugurates the opening of parliament in Bangkok, Thailand, July 3, 2023. Thai Parliament/Handout via REUTERS

ဘန်ကောက် – ဇူလိုင်(၄) 

Move Forward ပါတီကရွေးကောက်ပွဲ အနိုင်ရပြီးနောက် အစိုးရသစ်ဖွဲ့ဖို့ ကြိုးပမ်းနေချိန်မှာ ထိုင်းဘုရင်မဟာဗာဂျီရာလောင်ကွန်းဟာ ပါလီမန်ဖွင့်ပွဲ ကျင်းပခဲ့တယ်လို့ ရိုက်တာ သတင်း ဌာနကဖော်ပြထားပါတယ်။ 

ဦးဆောင်မှု အခန်းကဏ္ဍနေရာဝေစုကို အနိုင်ရပြီးနောက် ပါလီမန်မှာ လူကြိုက်များတဲ့ ဖွေထိုင်း ပါတီနဲ့ ပါလီမန်မှာ ပူးပေါင်းကာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးတည်းက အစိုးရကို ချုပ်ကိုင် ထားတဲ့ တော်ဝင်ဝါဒီစစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေကို ချေမှုန်းလိုက်တာပါ။ 

ဒါပေမယ့် လွှတ်တော်အစည်းအဝေးမှာ ဖွေထိုင်းနဲ့ Move Forward တို့က ထင်ရှားကျော်ကြားတဲ့ ဥပဒေပြုရေးနဲ့ အဓိက မဲပေးမယ့် အချိန်ကို ဆုံးဖြတ်နိုင်တဲ့ အရေးပါတဲ့ ရာထူးနေရာတစ်ခုဖြစ် တဲ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဘယ်သူရရှိမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

မဟာမိတ်ပါတီ(၈) ပါတီအနေနဲ့လည်း လွှတ်တော် ဥက္ကဋ္ဌရာထူးအတွက် အကွဲအပြဲကို မကြာခင် ရက်ပိုင်းအတွင်း တွေ့ရနိုင်မှာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ 

“ဖွေ့ထိုင်းပါတီက ဒီကိစ္စနဲ့ ပတ်သက်ပြီး နိဂုံးချုပ်ပြီး မနက်ဖြန် လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ရာ မှာ တိကျတဲ့ ဦးတည်ချက်ရှိပါတယ်။ ပြည်သူတွေကို နှိမ့်ချမှာ မဟုတ်ပါဘူး” လို့ ဖွေထိုင်းပါတီ လွှတ်တော်အမတ် ဆူတင် ကလန်ဆန်းက သတင်းထောက်တွေက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရွေးချယ်မှုအပြီးမှာ လွှတ်တော် ဥက္ကဋ္ဌဟာ ဝန်ကြီးချုပ်တစ်ဦးကို ပူးတွဲဆုံးဖြတ်ဖို့ လွှတ်တော်အစည်းအဝေးမှာ အဆိုတင်ရမှာဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်း အမတ်နေရာ (၇၅၀) ရဲ့ ထက်ဝက်ကျော် ထောက်ခံမဲ လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

မဟာမိတ်အဖွဲ့ဟာ Move Forward ခေါင်းဆောင် ပီတာ ဝန်ကြီးချုပ်ဖြစ်လာဖို့ ကျောထောက် နောက်ခံပေးထားပြီး မဟာမိတ်အဖွဲ့မှာ ထိုင်ခုံ(၃၁၂) နေရာရှိပြီး ပီတာရဲ့ ရာထူးအတွက် (၃၇၆) မဲ လိုအပ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ခေါင်းဆောင်ပီတာဟာ ပြိုင်ဘက်ပါတီတွေ ဒါမှမဟုတ် စစ်တပ်အောက်မှာ ခန့်ထားတဲ့ ကွန်ဆာဗေးတစ် အထက်လွှတ်တော်ရဲ့ အဖွဲ့ဝင်တွေနဲ့ မူဝါဒ တချို့အပေါ် သူရဲ့ ပါတီ အနေနဲ့ မဲတွေထပ်မံလိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် ပီတာကတော့ ဆီးနိတ်မှာ လုံလောက်တဲ့ ထောက်ခံမှု ရရှိထားတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.