Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ရာထူးနဲ့ လွဲရင် ဖြစ်လာနိုင်တဲ့ ဆန္ဒပြပွဲတွေ ထိန်းသိမ်းဖို့ ထိုင်းစစ်တပ်နဲ့ ရဲ ပြင်ဆင်နေ

0
3004

ဘန်ကောက် – ဇွန်(၂၇) 

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖိထာ အနေနဲ့ ဝန်ကြီးချုပ်ရာထူး နဲ့ လွဲချော်ခဲ့ရင် ဖြစ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ပြင်ဆင်ဖို့ စစ်တပ်နဲ့ ရဲ့ တပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် ဖိထာကို ရွေးချယ်နိုင်ဖို့အတွက် Move Forward ပါတီဦးဆောင်တဲ့ ပါလီမန် အမတ်(၃၁၃) ဦးပါအဖွဲ့ဟာ တခြားပါတီတွေရဲ့ ပါလီမန် အမတ်တွေနဲ့ အထက်လွှတ်ော် အမတ် (၆၃) ဦးဆီက ထောက်ခံမှု မရရှိပါက ထောက်ခံသူတွေနဲ့ ညွှန်ပေါင်းတွေထဲက အဓိက ပါတီဖြစ် တဲ့ Pheu Thai ပါတီတို့ဟာ အဓိကကျတဲ့ အကြမ်းဖက်ဆူပူမှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေကြ တာပါ။ 

လာမယ့် ဇူလိုင်လ(၁၃) ရက်နေ့မှာ လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးမယ့် ပူးတွဲ အစည်းအဝေးကို ကျင်းပနိုင်ဖွယ်ရှိတယ်လို့ လက်ထောက်ဝန်ကြီးချုပ်က ပြောထားပေမယ့် တော်ဝင်ထုတ်ပြန်ချက် တစ်ခုမှာတော့ အသစ်ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်(၅၀၀) ဟာ ဇူလိုင်လ(၃) ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော်အခမ်းအနားမှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်တယ်လို့ ဆိုထားပါ တယ်။ 

အောက်လွှတ်တော် အထွေထွေအတွင်းရေးမှူးကတော့ ဇူလိုင်လ(၃) ရက်နေ့ အခမ်းအနားအပြီး အောက်လွှတ်တော် ပထမအကြမ် အစည်းအဝေးကို ဇူလိုင်လ(၄) ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကို ရွေးချယ်တင်မြောက်နိုင်ဖို့ရှိတယ်လို့ သိရပါတယ်။ 

အဲဒီလို အောက်လွှတ်ော်အတွက် ဥက္ကဋ္ဌ ရွေးချယ်ပြီးပါက အဲဒီအစုအဖွဲ့နှစ်ဟာ (၁၀) ရက်အတွင်း ဝန်ကြီးချုပ်ရွေးချယ်ဖို့ ပူးတွဲအစည်းအဝေးကျင်းပရမှာပါ။ 

ဘုရင်အသရေဖျက်မှုဆိုင်ရာ ဥပဒေ Article 112 ကိုဆန့်ကျင်ဖို့ ကြိုးစားနေတဲ့ မစ္စတာ ဖိထာကို အထက်လွှတ်တော်အမတ်တွေအနေနဲ့ မဲမပေးကြဖို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။ 

သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ Move Forward နဲ့ Pheu Thai ပါတီတို့ဟာ အထက် လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ် မဲပေးဖို့အတွက် ဖိအားပေးမှု မြှင့်တင်မယ့် စုဝေးဆန္ဒပြ ပွဲပြုလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

အဲဒီစုဝေးဆန္ဒပြပွဲဟာ ပါလီမန်မှာ ဝန်ကြီးချုပ်ရွေးချယ်ပွဲကျင်းပမယ့် နေ့မှာ ဖြစ်ပေါ်နိုင်လား ဆိုတာ မသေချာပေမယ့် ရဲတပ်ဖွဲ့တွေဟာ ပါလီမန်တဝိုက်မှာရှိတဲ့ လုံခြုံရေးကင်မရာတွေကို ကောင်းမွန်စွာ အလုပ်လုပ်တာရှိမရှိ စစ်ဆေးနေပါတယ်။ 

လွှတ်တော်အနီးက စစ်တန်းလျားတွေမှာ တပ်သားအားလုံးကို အသင့် အနေအထားထားဖို့ ထိုင်း တပ်မတော်က ညွှန်ကြားထားသလို လေယာဉ်ပစ်အမြောက်တပ်ခွဲ၊ပထမမြင်းတပ် တပ်ရင်း၊ စတ္ထုတတပ်စခန်းနဲ့ ဆက်သွယ်ရေးတပ်ရင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။ 

ထိုင်းဘုရင့်ရေတပ်ရဲ့ ဘန်ကောက်ရေတပ်အခြေစိုက်စခန်းကတော့ စစ်ကူပေးဖို့ အသင့်အနေ အထားမှာ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ 

ကျောက်ဖရားမြစ်တစ်လျှောက်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကို ပို့ဆောင်ဖို့ ကင်းလှည့်လှေတွေ အသင့် အနေအထားပြင်ထားသလို ဝန်ကြီးချုပ်အသစ် မဲခွဲဆုံးဖြတ်မယ့် ပါလီမန် အစည်းအဝေး မတိုင်ခင်အထိ စစ်တပ်နဲ့ ရဲခေါင်းဆောင်တွေရဲ့ ပြည်ပခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းထား တယ်လို့ သတင်းရင်းမြစ််တွေက ဆိုထားပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.