စင်္ကာပူသမ္မတရာထူးအတွက် ရွေးကောက်ပွဲလျှောက်လွှာ ဇွန်လ(၁၃) ရက်နေ့ စတင်လက်ခံမယ်

0
3291

စင်္ကာပူ – ဇွန်(၁၃) 

နိုင်ငံသားဖြစ်ခွင့်ရတဲ့ လူမျိုးအားလုံးပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့ စင်္ကာပူနိုင်ငံသမ္မတကိုယ်စားလှယ် နေရာအတွက် အရည်အချင်းပြည့်မီကြောင်း လျှောက်လွှာတွေကို ဇွန်လ(၁၃) ရက်နေ့ကစပြီး တင်သွင်းနိုင်တော့မှာဖြစ်တယ်လို့ ရွေးကောက်ပွဲဦးစီးရုံးက အသိပေးထားပါတယ်။  

စင်္ကာပူ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် လျှောက်လွှာတင်သွင်း တာဟာ ပထမအဆင့်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေဟာ လူထုကြေငြာချက်တစ်ရပ်ကို လည်း တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ 

အရည်အချင်းပြည့်မီကြောင်း လျှောက်လွှာတင်သွင်းမှုနဲ့ လူထုကြေငြာချက်ပြုလုပ်တာကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာချွန်တော်ထုတ်ပြန်ပြီး (၅) ရက်မြောက်နေ့မှာ ပိတ်သိမ်းသွား မှာဖြစ်ပြီး နောက်ကျတဲ့ လျှောက်ထားမှုတွေကိုတော့ ထည့်သွင်းစဉ်းစားပေးမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲဦးစီးဌာန ELD ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

စင်္ကာပူသမ္မတရာထူးအတွက် သတ်မှတ်ချက်တွေမှာ ကိုယ်စားလှယ် လောင်းရဲ့ သမာဓိ၊ အကျင့်စာရိတ္တ ကောင်းမွန်မှုနဲ့ ဂုဏ်သတင်း စတဲ့အချက်တွေအပြင် အများ ပြည်သူဆိုင်ရာ ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်တွေလည်း ပြည့်မီဖို့လိုအပ်တာပါ။

လျှောက်ထားသူတွေအနေနဲ့ အများပြည်သူရေးရာဝန်ဆောင်မှုရုံး ဒါမှမဟုတ် အနည်းဆုံး (၃) နှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၇၀) မီလျံ တန်ဖိုးရှိတဲ့ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားဖို့ လိုအပ်မှာဖြစ်တဲ့အပြင် အမည်စာရင်း ကြေငြာတဲ့နေ့မှာ အနည်းဆုံး အသက်(၄၅) နှစ်ပြည့် မြောက်ထားရမယ့် စင်္ကာပူနိုင်ငံသား ဖြစ်ဖို့ လိုတယ်လို့ သိရပါတယ်။ 

သမ္မတရွေးကောက်ပွဲကော်မရှင်ဟာ ကိုယ်စားလှယ်လောင်းတွေကို အကဲဖြတ်သွားမှာဖြစ်ပြီး အရည်အချင်းပြည့်မီမှုကိုတော့ ကော်မရှင် ဥက္ကဋ္ဌ က သတ်မှတ်သွားမှာဖြစ်ပါတယ်။ 

စင်္ကာပူနိုင်ငံရဲ့ သမ္မတရွေးကောက်ပုံမှာ လွန်ခဲ့တဲ့ (၅) နှစ်သက်တမ်းအတွင်း သမ္မတရုံးဘက်က အစုအဖွဲ့တစ်ခုခုရဲ့ လူတစ်ဦးကို ရွေးကောက်ထားတာမရှိရင် နောက်ရွေးကောက်ပွဲဟာ အဲဒီ အစု အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ သတ်မှတ်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ 

လာမယ့်ရွေးကောက်ပွဲဟာ လူမျိုးပေါင်းစုံဝင်ရောက်ယှဉ်ပြိုင်ဖို့ လမ်းဖွင့်ထားပေမယ့် ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာတော့ သတ်မှတ်ထားတာမရှိသေးပါဘူး။ 

စင်္ကာပူသမ္မတ ရွေးကောက်ပွဲကော်မရှင်ကို အများပြည်သူဝန်ဆောင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စာရင်း အင်းနဲ့ အကြီးတန်းလုပ်ငန်းရေးရာစည်းမျဉ်းအာဏာပိုင်ဥက္ကဋ္ဌ၊ လူနည်းစုရပိုင်ခွင့်များဆိုင်ရာ သမ္မတကောင်စီအဖွဲ့ဝင်၊ သမ္မတအကြံပေးများကောင်စီအဖွဲ့ဝင်နဲ့ တရားရေးဘက်မှ (၂) ဦးစီတို့နဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.