ဗြိတိန်ဘုရင် ချားလ်းရဲ့ နန်းတက်ပွဲမှာ သမိုင်းဝင်အဝတ်အစားတွေကိုသာ ပြန်လည်ဝတ်ဆင်မယ်

0
2129

လန်ဒန် – မေ(၃) 

ဗြိတိန်ဘုရင် ချားလ်းဟာ လာမယ့်သီတင်းပတ်အတွင်း သူ့ရဲ့နန်းတက်ပွဲအတွက် သူ့မိခင် နဲ့ အဖိုးအပါအဝင် အရင်က ဝတ်ဆင်ခဲ့တဲ့ နန်းတက်အဝတ်တန်ဆာတွေကိုသာ ပြန်လည်ဝတ်ဆင် သွားမယ်လို့ သိရပါတယ်။ 

အသက်(၇၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချားလ်ဟာ မေလ(၆) ရက်နေ့မှာ လန်ဒန်ရဲ့ ဝက်စ်မစ်စတာ ဘာသာရေးဆရာတော်ဆီမှာ ဘာသာရေးနဲ့ သမိုင်းဆိုင်ရာ သင်္ကေတတွေနဲ့ အခမ်းအနားပြုလုပ် ပြီး သရဖူဝတ်ဆင်မှာဖြစ်ပါတယ်။ 

“သရဖူများနှင့် အဆောင်အယောင်တောင်ဝှေးများကဲ့သို့သော ပစ္စည်းအများအပြားဟာ ရာစုနှစ် များစွာကတည်းက ရှိနေခဲ့သော်လည်း ချားလ်စ်က ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ထိရောက်မှု အကျိုးစီးပွားအတွက် (၁၈၂၁) ခုနှစ်ကတည်းက နန်းတက်ပွဲတွေမှာ ထင်ရှားခဲ့တဲ့ အဝတ်အစား အချို့ကို ပြန်လည်အသုံးပြုလိမ့်မယ်” လို့ ဘက်ကင်ဟန်နန်းတော်က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ပြန်လည်အသုံးပြုမယ့် အဝတ်အစားတွေထဲမှာ အဖိုးဖြစ်သူ George VI ရဲ့နန်းတက် လက်အိတ်လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

“လက်အိတ်အသစ်ထက် ရှိပြီးသားတစ်ခုခုကို ပြန်သုံးမယ့် ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်း ကျင်နဲ့ သဟဇာတဖြစ်မယ့် အံ့ဖွယ်ကောင်းတဲ့ဘုရင်ကို ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားပါတယ်” လို့ ဂျော့ခ် VI ရဲ့ ၁၉၃၇ နန်းတက်ပွဲအတွက် ရွှေချည်ထိုးထားတဲ့ လက်အိတ်ကို ပြုလုပ်ခဲ့တဲ့ ဒန့်စ်ရဲ့ အမှုဆောင်အရာရှိချုပ် ဒယ်ဘိုရာမိုရီက ပြောပါတယ်။  

အဖြူရောသားရေနဲ့ ရွှေရောင်သတ္တုချည်နဲ့ ပြုလုပ်ထားတဲ့ လက်အိတ်ကို အခွန်ကောက်ခံရာမှာ နူးညံ့သိမ်မွေ့စွာ ကျင့်သုံးသင့်တယ်လို့ သတိပေးချက်နဲ့ အခမ်းအနားအတွင်း ဘုရင်မင်းမြတ်ရဲ့ လက်ယာဘက်မှာ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ဒါဟာ ကျွန်တော်တို့ရဲ့ ခေတ်မီတဲ့ ဘုရင်အတွက် အတိတ်ကို ပြန်ကြည့်ဖို့ သေးငယ်တဲ့ အမွေ အနှစ်တစ်ခုပါပဲ” လို့ ချားလ်ဘုရင်ရဲ့ မိခင် ဘုရင်မကြီး အဲလ်လီဇလတ်ll ရဲ့ ၁၉၅၃ ခုနှစ် နန်း တက်ပွဲအတွက် လက်အိတ်ကိုလည်း အလားတူ ပြုလုပ်ခဲ့တဲ့ မိုရီက ပြောပါသေးတယ်။ 

ချားလ်ဘုရင်ဟာ သူ့အဖိုးရဲ့ ကိုလိုဗီယမ်ဆင်ဒိုနစ် ဖြစ်တဲ့ အဖြူရောင်ပိတ်စနဲ့ တူတဲ့ ဝတ်စုံနဲ့ သူဝတ်ထားတဲ့ ဓားခါးပတ်ကို ဝတ်ဆင်မှာဖြစ်သလို အသစ်လုပ်တဲ့ ဓလေ့ကို ရှောင်ဖယ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဘိုးတော်နဲ့ အဲလိဇဘတ်အပါအဝင် နောက်ဆက်တွဲဘုရင်တွေ ဝတ်ဆင်ကြတဲ့ သူ့ရဲ့ နော်မန် နောင်တွေဆီ နှစ်ပေါင်း(၁၀၀၀) တည်းက နန်းတက်ပွဲအတွက် လုပ်ထားတဲ့ မင်းမြတ်တန်ဆာ တွေကို ချားလ်ဘုရင်က ပြန်လည်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.