ထိုင်းဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ ရေပန်းစားနေတဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူ ရွေးကောက်ပွဲမတိုင်ခင် ကလေးမွေးဖွား

0
4914

ဘန်ကောက်၊ မေ(၃)

လာမယ့် မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂ ပတ်အလိုမှာ အမြင့်ဆုံးရာထူးအတွက် ရှေ့ပြေးကိုယ်စားလှယ်လောင်းဖြစ်နေတဲ့ မစ္စဖယ်တုံတန် ရှင်နာဝါထရာဟာ သူ့ရဲ့ ဒုတိယကလေးငယ်ကို မေ(၁)ရက်နေ့မှာ  မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ အသက် ၃၆ နှစ်အရွယ် ဖယ်တုံတန်နဲ့ သူ့ရဲ့ ခင်ပွန်းသည်နဲ့ ကလေးငယ် လေးရဲ့ ဓာတ်ပုံ တွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထုတ်ပြန်ထားပါတယ်။

ထောက်ခံအားပေးမှုအားလုံးအတွက် ကျေးဇူးတင်ပါကြောင်း၊ ရက်အနည်းငယ်မှာပဲ အမေဖြစ်သူပိုမို ကျန်း မာနေကောင်းလာမှာ ဖြစ်ကြောင်းနဲ့ မီဒီယာတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပါကြောင်းလည်း ရေးသားထားတာပါ။

မစ္စဖယ်တုံတန်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး ဝန်ကြီးချုပ်ရာ ထူးအတွက် ဖီယူထိုင်းပါတီကနေ အမည်စာရင်း တင်သွင်းထားတဲ့ လူပုဂ္ဂိုလ် ၃ ဦး အနက် ၁ ဦး ဖြစ်ပါတယ်။

သူမဟာ ဧပြီလလောက်ကတည်းက ဘန်ကောက်မြို့အနီးတဝိုက် ရွေးကောက်ပွဲစုဝေးမှုတွေမှာ လူကိုယ်တိုင် တက်ရောက်မြင်တွေ့ရလေ့ရှိပြီး ရပ်ဝေးခရိုင်ဒေသန္တရတွေအတွက် ဗီဒီယိုကွန်ဖရန့် စနစ်ဖြင့်သာ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

မစ္စဖယ်တုံတန်ရဲ့ အမျိုးသားဖြစ်သူကတော့ စီးပွားဖြစ်လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးဖြစ်ပြီး ၂ နှစ်အရွယ် သမီးငယ်တစ်ဦးလည်း ရှိနေတာပါ။

မစ္စဖယ်တုံတန်ဦးဆောင်တဲ့ ဖီယူထိုင်းပါတီဟာ ပါလီမန် ထိုင်ခုံ ၅၀၀ မှာ အနည်းဆုံး ၃၁၀ အထိ ရရှိမယ်လို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

Ref,Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.