May 2023

ရှန်ဇူး-၁၆ မစ်ရှင်ကို တရုတ်အာကာသစခန်းသို့ လွှတ်တင်ခဲ့

ဘေဂျင်း၊ ဇွန်(၁) တရုတ်အာကာသစခန်းသို့ ပဉ္စမအကြိမ်မြောက်လူလိုက်ပါတဲ့ မစ်ရှင်တစ်ခုအဖြစ် ရှန်ဇူး-၁၆ မစ်ရှင်ကို အင်္ဂါနေ့ကလွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာအပြည့်အဝလည်ပတ်နေပြီဖြစ်တဲ့ အာကာသစခန်းသို့ အာကာသယာဉ်မှူးသုံးဦးကို စေလွှတ် ခဲ့ကြောင်းပြောကြားထားတာပါ။ အာကာသယာဉ် ရှန်ဇူး-၁၆ ဒါမှမဟုတ်”Divine Vessel” ထဲမှာ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂိုဘီသဲကန္တာရရှိဂြိုလ်တုလွှတ်တင်ရေးစင်တာ Long March-2F ဒုံးပျံပေါ်ကနေ ဒေသစံတော်ချိန် နံနက်…

တရုတ်နိုင်ငံကို သူဌေးကြီး အီလွန်မက်စ် ဒုတိယအကြိမ် ရောက်ရှိလာ

ပေကျင်း – ဇွန်(၁) တရုတ်နိုင်ငံကို Tesla CEO အီလွန်မက်စ် ရောက်ရှိလာပြီး ဒုတိယမြောက်နေ့မှာ တရုတ်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အီလွန်မက်စ်ဟာ အစောပိုင်း တစ်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးစား ဘက်ထရီထုတ်လုပ်သူလည်းဖြစ် Tesla ရဲ့ အဓိက ကုန်ကြမ်း ထောက်ပံ့သူ CATL ဥက္ကဋ္ဌ…

ကလေးစောင့်ရှောက်ရေးအတွက် ကန်ဒေါ်လာ (၂၆) ဘီလျံ လျာထားဖို့ ဂျပန်ဝန်ကြီးချုပ်ဆို

တိုကျို – ဇွန်(၁) ဂျပန်မှာ နှစ်စဉ်ကလေးသူငယ်စောင့်ရှောက်ရေးအသုံးစရိတ်အတွက် အစိုးရအဖွဲ့ကို ယန်း (၃.၅) ထရီလီယံ(ဒေါ်လာ -၂၆) ဘီလျံ ဖယ်ထားဖို့ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ညွှန်ကြားခဲ့ပြီး ဒီညွှန် ကြားချက်ဟာ ခန့်မှန်းထားတာထက် အနည်းငယ် ပိုများတယ်လို့ စီးပွားရေးဝန်ကြီး ကပြောပါ တယ်။ ဝန်ကြီးချုပ် ကီရှီဒါဟာ နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းလျော့နည်းလာမှုကို တွန်းလှန်ဖို့အတွက် လာမယ့် (၃)…

စေတုတ္တရာမှာ စစ်ကောင်စီက PDF တွေကို တောနင်းရှာဖွေနေ

စေတ္တုတ္တရာ မေ(၃၁) မကွေးတိုင်း၊ စေတုတ္တရာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီဘက်က (၅) ဦးထက်မနည်း သေဆုံးပြီးနောက် PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ပြီးနောက် အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိပြီး အထိနာခဲ့တဲ့အတွက် PDF တွေကိုရှာဖွေနေတာပါ။ “တိုက်ခိုက်မှုတွေကို မဟာမိတ်အဖွဲ့တွေညှိနှိုင်းဆွေးနွေးပြီးတော့မှ…

ထားဝယ်မှာ ခွေးစာသွားကျွေးလို့ ပစ်သတ်ခံလိုက်ရတဲ့အမျိုးသားတွေကို မနက်ဖြန် မီးသင်္ဂြိုလ်မယ်

ထားဝယ် – မေ(၃၁) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံမှာ ခွေးစာသွားကျွေးချိန် ကင်း ပုန်းဝပ်နေတဲ့ စစ်ကောင်စီ ဘက်က ပစ်သတ်လိုက်တဲ့ အမျိုးသား(၂) ဦးကို ဇွန်လ(၁) ရက်နေ့ မှာ မီးသင်္ဂြိုလ်မှာ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့ ည(၉)နာရီကျော်မှာ ဇရစ်ရပ်ကွက်နေ ကိုဟိန်းဇော်အောင်(၃၇)…

ရေးမြို့နယ်မှာ PDF ၂ ဦး လက်နက်နဲ့ အလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

ရေး၊ မေ(၃၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။ မေ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန်က ရေးမြို့ ၊စ.က.ခ(၁၉) ရှိ ဆင်ဖြူရှင်ခန်းမမှာ ပြစ်မှုကျူးလွန်ထားတာမရှိဘဲ အလင်းဝင်ရောက်လာတဲ့ PDF ရဲဘော် ၂ ဦးကို…

မိုခါမုန်တိုင်းဒဏ်ခံရခိုင်က အခြေခံပညာကျောင်းတွေ အုပ်စုလိုက်ခွဲဖွင့်မယ်

စစ်တွေ၊ မေ (၃၀) မိုခါမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းတွေကို ကျောင်းဖွင့်ရာသီ ဖြစ်တဲ့ ဇွန်လပထမပတ်အတွင်း အချိန်မီတစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်မှာမဟုတ်ဘဲ အုပ်စုခွဲကာ အသုတ် လိုက်သာဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီပညာရေးဌာနကနေ ပြောကြားလိုက်ပါတယ်။ တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းတွေကို ဇွန်လ(၁)ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပေမယ့် မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်ရှိကျောင်းတွေကိုတော့ ရာနှုန်းပြည့်မဖွင့်လှစ်နိုင်သေးပဲ ဇွန်လအတွင်းမှာ အုပ်စုလိုက်ခွဲကာ ကျောင်းတွေဖွင့်သွားမယ်လို့ စစ်ကောင်စီပညာရေးဌာနက မေလ (၂၉)ရက်နေ့မှာ ပြောဆိုထားတာပါ။…

စစ်အာဏာသိမ်း (၈၄၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၉၃ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၃၁) AAPP ရဲ့ မေ(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၄၉)ရက်အတွင်း ပြည်သူ (၃၅၉၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၇၃၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…