ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဖိလစ်ပိုင်မှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုး ထုတ်ပြန်

0
5504

မနီလာ – ဧပြီ(၂၅) 

ဖိလစ်ပိုင်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာပြီးနောက် မနီလာမြို့တော်အနှံ့က မီးရထား ဘူတာတွေတွေမှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။ 

ခရီးသည်တွေအနေနဲ့ ပင်မ MRT လိုင်း၊မီးရထားလိုင်းနှစ်လိုင်းနဲ့ လူပေါင်း(၁၄) သန်းနေထိုင်ရာ မြို့ကြီး(၁၆) မြို့ဖြစ်တဲ့ မနီလာမြို့ကို ဖြတ်ကျော်သွားတဲ့ အဓိကရထားလိုင်းကို အသုံးပြုချိန်မှာ Mask ဆက်လက်ဝတ်ဆင်ရမှာဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်တာကို အများသူငှာနေရာတွေမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း Mask တပ်ခြင်းကို ဆန္ဒအလျောက်ပြုမှုနိုင်တယ်လို့ သတ်မှတ်ထားပေမယ့် ရထားနဲ့ တခြားအများပြည်သူသုံးသယ်ယူပို့ဆောင်ရေးပုံစံတွေအတွက် ဒီသတ်မှတ်ချက် ဟာ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ 

အဲဒီမီးရထားလိုင်းတွေဟာ တစ်နေ့ကို အနည်းဆုံး ခရီးသည်(၅) သိန်းကျော်ကို တင်ဆောင်သွား လာနေတာပါ။ 

ခရီးသည်အများအပြားဟာ ရထားစီးနင်းချိန်အတောအတွင်း Mask တပ်ဆင်ဖို့ သတ်မှတ်ချက် ကို ဖယ်ရှားလိုတဲ့အတွက် ဖယ်ရှားခဲ့ကြတာဖြစ်ပါတယ်။ 

“ရထားလမ်းတွေဟာ အလုံပိတ်နေရာများဖြစ်သောကြောင့် Covid-ကူးစက်မှုအန္တရာယ် ရှိနေ ကြောင်း ကျန်းမာရေးပညာရှင်များက အလေးပေးပြောကြားခဲ့ပါတယ်” လို့ ဖိလစ်ပိုင် လက်ထောက်သယ်ယူပို့ဆောင်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကာကွယ်ဆေးထိုးတာဟာ ရောဂါကူးစက်မှုကို အာမခံမှာမဟုတ်သလို ကာကွယ်ဆေး ထိုးသူတွေဟာလည်း ရောဂါပိုးကူးစက်နိုင်သလို တခြားသူတွေကိုလည်း ထပ်မံကူးစက်နိုင်ဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာနကတော့ ပြည်သူတွေအတွက် Mask တပ်ဆင်ဖို့ သတ်မှတ် ချက် မလိုအပ်သေးဘူးလို့ ပြောပါတယ်။ 

“နှာခေါင်းစည်းတပ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ဆွေးနွေးမှုတွေ မလုပ်ဖြစ်ဘူး။ ပြည်သူတွေဟာ ဘယ်အချိန်မှာ နှာခေါင်းစည်းဝတ်သင့်တယ်ဆိုတာ သိသရွေ့ လက်ရှိဆန္ဒအလျောက် နှာခေါင်းစည်းတပ်ဆင်ရေးမူဝါဒ ထိန်းသိမ်းထားနိုင်မယ်လို့ (ကျန်းမာရေးဌာန) က ယုံကြည်ပါတယ်” လို့ ကျန်းမာရေးလက်ထောက်အတွင်းဝန် က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ် ရောဂါဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ အပတ်က တစ်ရက်တည်း (၂၇၄) ဦး ကနေ (၃၇၁) ဦးအထိ မြင့်တက်ခဲ့ပေမယ့် အရင်ဖြစ်ပွားဖူးတဲ့ နှစ်တွေအတိုင်း မြင့်တက်ခဲ့တာမဟုတ် ဘူးလို့ ဆိုနေကြပါတယ်။ 

ဒါပေမယ့် ကျန်းမာရေးဌာနဟာ ပါလာဝန်နဲ့ ဆီဗူလို ထိပ်တန်း ခရီးသွားနေရာတွေအပါအဝင် ပြည်နယ် (၂၆) ခုမှာ ကျန်းမာရေးသတိပေးချက်အဆင့်ကို တိုးမြှင့်ဖို့ အကြံပြုထားပြီး အဲဒီ နေရာတွေမှာ စားသောက်ဆိုင်၊ ကုန်တိုက်၊ ဟိုတယ်၊ အားကစားရုံနဲ့ ရုပ်ရှင်ရုံတွေလို လူဦးရေ ထူထပ်တဲ့ နေရာတွေကို စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ ကိုဗစ် ရောဂါဖြစ်ပွားမှုကို မှတ်တမ်းတင်ပြီး တည်းက ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်ခံရသူ (၄) သန်းကျော်ရှိခဲ့ပြီး အနည်းဆုံး လူ(၆၆၀၀၀) ကျော်သေဆုံးထားတယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.