မော်လမြိုင်က အသံတိတ်သပိတ်
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ စစ်တပ်က တိုင်းပြည်အာဏာကို မတရားလုယူထားတာ (၂) နှစ်ပြည့်အဖြစ် စစ်အုပ်စုကို ဆန့်ကျင်သည့် အသံတိတ် သပိတ်ကို မော်လမြိုင်မြို့ကလည်း ပါဝင်ဆင်နွှဲခဲ့သည်။ ဓာတ်ပုံ- သံလွင်တိုင်းမ်
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ စစ်တပ်က တိုင်းပြည်အာဏာကို မတရားလုယူထားတာ (၂) နှစ်ပြည့်အဖြစ် စစ်အုပ်စုကို ဆန့်ကျင်သည့် အသံတိတ် သပိတ်ကို မော်လမြိုင်မြို့ကလည်း ပါဝင်ဆင်နွှဲခဲ့သည်။ ဓာတ်ပုံ- သံလွင်တိုင်းမ်
“ပုံမှန်အခြေခံကတော့ မနက်ခင်းဆိုရင် PT ပြေးတယ်။ ဒိုက်ကို PTတစ်ပတ်ပြေးပြီးတိုင်း အခေါက် ၂၀ထိုးရ တယ်။မနက်ခင်း ညီမတို့ ပုံမှန်ရောက်ခါစက ၆ပတ်လောက်ပဲပြေးရတယ်။ ကွင်းကအင်တာနေရှင်နယ် ဘော လုံးကွင်းတစ်ကွင်းစာလောက်ရှိတယ်။ အဲဒီလောက်ထိကျယ်တယ်” လို့ဆိုလာသူက အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ တော်လှန်ရေး ရဲမေတဦးဖြစ်တဲ့ အစုလေးဖြစ် ပါတယ်။ စစ်သင်တန်းတက်ရတယ်ဆိုတာ ယူနီဖောင်းလေးတွေနဲ့ လှလှပပသေနတ်လေးကိုင်ပြီး ဖေ့ဘုတ်ပေါ်မှာ တက်လာတဲ့ပုံတွေ လောက်တော့ လွယ်ကူမနေခဲ့ဘူးဆိုတာ…
သံတောင်၊ ဖေဖော်ဝါရီ(၁) ကရင်ပြည်နယ် သံတောင်မြို့မှာ စစ်ကောင်စီတပ်က အရာရှိတစ်ဦးပစ်ခတ်ခံရပြီးတဲ့နောက် မြို့ပေါ်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဘုရားကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး မြို့ခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၇)ရက်နေ့က သံတောင်မြို့(၁၃ မိုင်) သံတောင်-ဘောဂလိလမ်းဆုံမှာရှိတဲ့ စစ်ကောင် စီဂိတ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က စနိုက်ပါနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁) AAPP ရဲ့ ဇန်နဝါရီ(၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၃၀)ရက်အတွင်း ပြည်သူ (၂၉၄၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၅၇၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
မော်လမြိုင် ၊ ဖေဖော်ဝါရီ(၁) စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာကာလအတွင်း မြန်မာ့စီးပွားရေးဟာ မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ မြန်မာ့စီးပွားရေးဟာ ပဋိပက္ခတွေကြောင့် စီးပွားရေးကိုအနှောင့်အယှက် ဖြစ်စေတဲ့အတွက် မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်သလို စစ်တပ်အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်းမှာလည်း ကျပ်ငွေတန်ဖိုး (၅၀) ရာခိုင်နှုန်းအထိ လျော့ကျခဲ့တာကြောင့်…
ရန်ကုန် – ဖေဖော်ဝါရီ(၁) ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ (၂) နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီ(၁) ရက်နေ့မှာတော့ လုံခြုံရေးတင်ကြပ်ထားတဲ့ကြားက Yangon Revolution Force – YRF က “သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေးမုချအောင်မြင်မည်” ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – Yangon Revolution Force – YRF
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနဲ့ ကရင်အမျိုးသားတွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ဆုံးခန်းတိုင်အောင် ပြီး မြောက်အောင်မြင်တဲ့အထိ ကြိုးပမ်းအားထုတ်ကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌစောမူတူးစေးဖို့က ပေးပို့တဲ့မိန့်ခွန်းသဝဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်တာပါ။ မိမိတို့ရဲ့…
နေပြည်တော်၊ ဖေဖော်ဝါရီ(၁) စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းဝေးမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေကြောင်း တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့တာပါ။ ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့လက်ရှိအခြေအ…
လမိုင်း၊ ဖေဖော်ဝါရီ(၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ မနေ့ ဇန်နဝါရီ (၃၀) ရက် နံနက် (၁၀) နာရီဝန်းကျင်အချိန်လောက်က ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေ ထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့သူမှာ အသက် (၇၀) နှစ်ဝန်းကျင်အရွယ်ရှိ နိုင်ကိုးမိုင်ဖြစ်ပြီး သူရဲ့ခြံအနီးရှိ…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီဘက်က အခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားသလို အင်အားအများအပြားနဲ့ ကင်းလှည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကား၊ အိမ်စီးကားအပါအဝင် အရပ်သားကား (၁၅)စီး နီးပါး အသုံးပြုပြီး မြို့အတွင်းလှည့်လည်တာအပြင် မြို့အတွင်းလုံခြုံရေးအရ အဓိကကျတဲ့နေရာတွေမှာ ကင်းပုန်းချပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေတာပါ။ မြို့ခံတွေအဆိုအရ စစ်ကောင်စီဘက်က အခုလိုလိုက်လံလုပ်ဆောင်နေတာဟာ…