January 2023

၂၀၂၃ မှာ အပစ်ရပ်မယ်လို့ စစ်ကောင်စီကြေညာ

မော်လမြိုင် – ဇန်နဝါရီ(၁) လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားတွေ တိုက်ခိုက်ခံရချိန်မှအပ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ကျူးလွန်နေတဲ့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် တနှစ်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။…

ညီညွတ်မှုကြောင့် တော်လှန်ရေးအောင်ဖို့ လုံးဝ ယုံကြည်တယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဇန်နဝါရီ(၁) မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစု တွေ ညီညီညွတ်ညွတ်ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တဲ့ အတွက် အောင်မြင်ဖို့ လုံးဝ ယုံကြည်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီလ(၁) ရက်နေ့ မနက်ပိုင်းက ပြည်သူလူထုကို ပြောကြားတဲ့ နိုင်ငံတော်အခြပြ မိန့်ခွန်း ၂၀၂၃ မှာ အခုလို…

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ အကျိုးစီးပွားမှန်သမျှကိုဆန့်ကျင်ဖို့ KNU တပ်မဟာ(၂) ကြေညာ ချက်ထုတ်

တောင်ငူ၊ ဇန်နဝါရီ(၁) ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင်သ ပိတ်မှောက်ဖို့ အချက်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီပံ့ပိုးပေးဖို့စတဲ့ အချက်(၇) ချက်ပါ သဘောထားကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၆)ရက်နေ့ကနေ ဒီဇင်ဘာ(၁၉)ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ KNU တောင်ငူခရိုင် တပ်မဟာ(၂)ရဲ့ (၇)ကြိမ်မြောက် ကွန်ကရက်အပြီးမှာ အခုလိုသဘောထားကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။…

ရခိုင်မှာ စစ်ကောင်စီကရွေးကောက်ပွဲအတွက် စစ်ရှောင်တွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းနေ

စစ်တွေ၊ ဇန်နဝါရီ(၁) ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်ပြည်သူတွေကို ဖိအားပေးပြီး အတင်းအကျပ် နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ရှောင်းအရေးကူညီနေသူတွေနဲ့ နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိအချိန်မှာ နှစ်ဖက်အပစ်ရပ်ထားလို့ တိုက်ပွဲတွေမရှိပေမယ့်လည်း စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ အဆင်မပြေတာ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာနဲ့ စားဝတ်နေရေးအတွက် မူရင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အဆင်မပြေတာတွေ…

ထို့ကော်ကိုးကားလမ်းမှာ စီးပွားရေးယာဉ်တွေကိုသာ ငွေကြေးကောက်တယ်လို့ PC ပြန်ရှင်း

မြဝတီ၊ ဇန်နဝါရီ(၁) ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ထိန်းချုပ်ရာ ထို့ကော်ကိုး ဒေါနတောင်ပေါ်ကားလမ်းပေါ်မှာ သွားလာနေတဲ့ သာမန်ခရီးသွားပြည်သူကားတွေအပေါ် ငွေကြေးကောက်ခံမှုမရှိဘဲ စီးပွားရေးအရ သွားလာနေတဲ့ ခရီးသွားယာဉ်တွေအပေါ်မှာသာ ငွေကြေးကောက်ခံခဲ့တာဖြစ်တယ်လို့ KNU/KNLA PC ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ ကော့ကရိတ်တိုက်ပွဲအခြေအနေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဟာ ပိတ်ထားခဲ့ရပြီး ယာဉ်အသွားအလာတွေ ရပ်တန့်ခဲ့ရတဲ့အတွက် ခရီးသွားတွေကတော့ ကော့ကရိတ်မြို့မြောက်ဘက်ပိုင်းမှာရှိတဲ့…

ကိုဗစ်၁၉သတင်းအချက်အလက် အသေးစိတ်ကို ပုံမှန်မျှဝေပေးဖို့ တရုတ်အာဏာပိုင်တွေကို WHO တောင်းဆိုထား

ဘေဂျင်း၊ ဇန်နဝါရီ(၁) တရုတ်နိုင်ငံအတွင်းရှိ ကိုဗစ်အခြေအနေတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အချိန်မီသတင်းအချက်အလက်တွေကို ပုံမှန်မျှဝေနိုင်ရေးအတွက် တရုတ်အစိုးရရဲ့ ကျန်းမာရေးအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေကို ဗိုင်းရပ်စ်မျိုးစိတ် ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အချက်အလက်တွေကိုသာမက ဆေးရုံ တက်ကုသမှုတွေ၊ သေဆုံးမှုတွေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းစတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေး နိုင်ဖို့ တောင်းခံထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဘက်က…

ကမ္ဘောဒီးယားကာစီနိုတစ်ခုမှာ လျှပ်စစ်ချို့ယွင်းပြီးမီးလောင်မှုကြောင့် လူ(၂၆)ဦးသေဆုံး

ဖနွမ်းပင် – ဇန်နဝါရီ(၁) ကမ္ဘောဒီးယားနိုင်ငံ ကာစီနိုတစ်ခုမှာ လျှပ်စစ်ချို့ယွင်းပြီး မီးလောင်ခဲ့တာကြောင့် လူ(၂၆) ဦး သေဆုံးခဲ့တာဟာ အခင်းဖြစ်ပွားချိန်မှာ အခန်းတွေထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမား တွေအချိန်မီ ကယ်တင်နိုင်တာမရှိတာကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ်မြို့က Grand Diamond City ဟိုတယ်ကာစီနို မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈) ရက်နေ့ ည(၁၁)…

ထိုင်မှာမတော်တဆမှု ဘေးကင်းရေးအစီအစဉ် ပထမနေ့မှာ လူ(၃၇) ဦးသေဆုံး

ဘန်ကောက် – ဇန်နဝါရီ(၁) ထိုင်းနိုင်ငံရဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု ပထမနေ့မှာဘဲ သေဆုံးသူ (၃၇) ဦးနဲ့ ဒဏ်ရာရသူ (၃၅၁) ဦးရှိခဲ့ပြီး သူတို့တွေဟာ အရှိန်လွန်မောင်းနှင်တာနဲ့ အရက်မူးပြီး မောင်းနှင် တာ ကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှု လျော့နည်းစေဖို့ လမ်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုကို လာမယ့် ဇန်နဝါရီလ(၄)…

မော်လမြိုင်မှာ တော်လှန်ရေးလုပ်သူရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးရုံနဲ့ ဖမ်းဆီးတာတွေရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေး လုပ်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာအောက်မှာ Like ပေးတာ၊ မှတ်ချက်ပြုရေးသားတာနဲ့ ပြန်လည်မျှဝေသူတွေကို ဆက်တိုက်ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ လုပ်ဆောင်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးလုပ်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို အမြဲမပြတ် စောင့်ကြည့်နေပြီး သူတို့ရဲ့ရေးသားချက်တွေကို အကောင့်နာမည်နဲ့ ဓာတ်ပုံအမှန်အသုံးပြုပြီး Like ပေးရုံနဲ့…