ဘန်ကောက် – ဇန်နဝါရီ(၁) 

ထိုင်းနိုင်ငံရဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု ပထမနေ့မှာဘဲ သေဆုံးသူ (၃၇) ဦးနဲ့ ဒဏ်ရာရသူ (၃၅၁) ဦးရှိခဲ့ပြီး သူတို့တွေဟာ အရှိန်လွန်မောင်းနှင်တာနဲ့ အရက်မူးပြီး မောင်းနှင် တာ ကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှု လျော့နည်းစေဖို့ လမ်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုကို လာမယ့် ဇန်နဝါရီလ(၄) ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ထိုင်းလူမျိုးတွေ သူတို့ရဲ့ မိသားစုဝင်တွေကို တွေ့ဆုံဖို့ ရိုးရာဓလေ့အရ ဇာတိပြည်နယ်တွေကို သွားရောက်ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 

ဒီကမ်ပိန်း မစထင်တည်က အရှန်လွန်မောင်းနှင်သူတွေကို ယာဉန်ထိန်းလက်မှတ်(၁၁၀၀၀၀) ကျော်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

နိုင်ငံတစ်ဝှမ်းက နေရာပေါင်း (၃၇၀၀) ကျော်မှာ လမ်းစစ်ဆေးရေးဂိတ်တွေ များပြားနေပေမယ့် ယာဉ်မတော်တဆမှု အရေအတွက်ဟာ ခန့်မှန်အရေအတွက်နဲ့ မကိုက်ညီနေဘဲ ကမ်းပိန်းရဲ့ ပထမ နေ့အတွက် မတော်တဆမှုစာရင်းတွေကို ထုတ်ပြန်ခဲ့ချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ယာဉ်မတော်တဆမှု(၃၀၀) ကျော်ဖြစ်ပွားခဲ့ပြီး လူ(၃၅၁) ဦးဒဏ်ရာရရှိကာ (၃၇) ဦးသေဆုံးခဲ့ တယ်လို့ သိရပါတယ်။ 

ယာဉ်တိုက်မှုရဲ့ အဓိကအကြောင်းအရင်းမှာ အရှိန်လွန်မှုကြောင့် (၄၁.၅၅)ရာခိုင်နှုန်းနဲ့ အရက်မူး ပြီး မောင်းနှင်မှုကြောင့် (၂၃.၅) ရာခိုင်နှုန်းဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုထားပြီး မော်တော်ဆိုင်ကယ်တွေဟာ ယာဉ်တိုက်မှုအားလုံးရဲ့ (၈၀) ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

မတော်တဆမှု အများစုဟာ ညနေ (၆) နာရီကနေ (၇) နာရီအတွင်းဖြစ်ပွားပြီး သေဆုံးသူ အများစုမှာ အသက်(၃၀) ကနေ (၃၉) နှစ်အတွင်းဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပြီး သေဆုံးမှုအများစုကို အနောက်ပိုင်းပြည်နယ် ပရာချွတ်ကီရီခန်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဒဏ်ရာရသူအများစု ကတော့ တောင်ပိုင်း ဆူရတ်တနီပြည်နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.