ကဘူးလ် မှာအမျိုးသမီးပါလီမန်အမတ်ဟောင်းကို အမည်မသိ သေနတ်သမားပစ်ခတ်

0
7651

ကဘူးလ် – ဇန်နဝါရီ(၁၇) 

အာဖဂန်နစ္စတန်ရဲ့ အမျိုးပါလီမန်အမတ်ဟောင်းတစ်ဦးကို သူမရဲ့ နေအိမ်မှာ အမည်မသိ သေနတ်သမားတစ်ဦးက သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ 

သေနတ်သမားရဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ အမတ်ဟောင်းနာဘီဇာဒါဟာ ၂၀၁၈ ခုနှစ် ကဘူးလ် ကိုယ်စားပြု အောက်လွှတ်တော် အမတ်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅) ရက်နေ့က တိုက်ခိုက်မှုမှာ အမျိုးသမီးပါလီမန် အမတ်ဟောင်း မာဆယ်လ် နာဘီဇာဒါနဲ့ သူ့ရဲ့ လုံခြုံရေးတို့ ပစ်သတ်ခံခဲ့ရပြီး သူမရဲ့ အကိုဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ပါတယ်။  

လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေနိုင်ဖို့ အမှုကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို အပူတပြင်းဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

၂၀၂၁ ခုနှစ်က တာလီဘန်တွေ အာဏာသိမ်းပြီး ပြည်ပတပ်ဖွဲ့တွေ ဆုတ်ခွာချိန်မှာ နိုင်ငံရေး သမားအများစု နိုင်ငံကို စွန့်ခွာခဲ့ပေမယ့် သူမကတော့ အာဏာသိမ်းမှုဖြစ်ပွားတဲ့ အခြေအနေ မှာ ရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

တာလီဘန်တွေက တိုင်းပြည်လုံခြုံအောင် ဆောင်ရွက်ထားတယ်လို့ ပြောပြီး အာဖဂန်အများစုကို နေရပ်ပြန်လာကြဖို့ ခေါ်နေပေမယ့် ဒီလအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း လူအများစုသေဆုံး ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ရုံး ဖြစ်ရပ်ကို တာလီဘန်အစိုးရကိုယ်တိုင် လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း Hezb-e-Islami ပါတီခေါင်းဆောင် ၁၉၉၀ ဝန်ကြီးချုပ် ဟောင်း ဂူလ်ဘတ်တင် ဟက်မတ်ယာ ပါတီရုံးထဲရှိနေချိန် လူတစ်ဦးက အသေဆုံဗုံးခွဲခဲ့ ပါသေး တယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.