ထိုင်းမှာ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်ဖို့ ပြင်ဆင်နေ

0
7521

ဘန်ကောက် – ဒီဇင်ဘာ(၇)

ထိုင်းအစိုးရက လိင်အကြမ်းဖက်မှုကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်အရေးယူမယ့် အစီအစဉ် ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

တရားရေးဝန်ကြီးဌာနက ဒီဥပဒေသစ်ကို လာမယ့် ဇန်နဝါရီလ(၂၃) ရက်နေ့က စပြီး အသက် သွင်းဖို့ လုပ်ဆောင်နေပြီး လိင်အကြမ်းဖက်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်သူတွေ အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လက လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဓာတုနည်းနဲ့ ဆေးထိုးသင်းကွပ်မယ့် ဥပဒေကို လွှတ်တော်မှာ လျှို့ဝှက်မဲပေးတဲ့ စနစ်နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဥပဒေအသေးစိတ်ကို တော့ Rayal Gazette က အောက်တိုဘာလနှောင်းပိုင်းမှာ ထုတ်ပြန်ထားတာပါ။ 

ထိုင်းတရားရေးဝန်ကြီး ဆွမ်ဆက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူတွေကို စောင့်ကြည့်ဖို့ Justice Safety Observation ad hoc Center (JSOC) ကိုတည်ထောင်ထားတယ်လို့ ပြောပါ တယ်။ 

“အကြောင်းအရာတွေနဲ့ ရင်းနှီးအောင် တာဝန်ရှိသူတွေကို လေ့ကျင့်ပေးနေပါတယ်။ ၎င်းတို့အား ပြဋ္ဌာန်းရာတွင် ကူညီရန် လက်စွဲစာအုပ်များ ဖြန့်ဝေထားပါတယ်” လို့ တရားရေးဝန်ကြီးကပြောခဲ့ ပါတယ်။ 

ဒါ့အပြင် တရားရေးဝန်ကြီးဌာနက ဥပဒေအသစ်နဲ့ပတ်သက်ပြီး တရားရုံးတွေ၊အစိုးရရှေ့နေတွေ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၊ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရုံးတို့နဲ့ နား လည်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား (၅၆၈၃) ဦးကို ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အဲ့ဒီထဲက (၁၁၇) ဦးကို ထိုင်းနိုင်ငံ အကျဉ်းထောင်တွေက လာမယ့်နှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ လွှတ်ပေးသွားဖို့ ရှိနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် တရားဥပဒေစိုးမိုးရေး အရာရှိတွေနဲ့ သက်ဆိုင်သူတွေကတော့ လိင်အကြမ်းဖက်မှု တွေကို ထပ်ခါတလဲလဲ ပြုမှုနေသူတွေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ 

ဥရောပရဲ့ အကြီးဆုံး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေရဲ့ ပြန်လည်ထူထောင်ရေးစင်တာ အကြီး အကဲ လင်းဆောင်ဒါက လိင်အကြမ်းဖက်မှုတွေကို ထပ်ခါတလဲ ကျူးလွန်နေတဲ့ သူတွေအတွက် ဓာတုဗေဒနည်းအရ သင်းကွပ်တာဟာ ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသောရွေးချယ်မှု ဖြစ်တယ် လို့ ၂၀၂၁ ခုနှစ်က ပြောထားပါတယ်။ 

လိင်အကြမ်းဖက်မှု ထပ်တလဲလဲ ကျူးလွန်သူတွေကို ဓာတုဗေဒနည်းနဲ့ သုံးလတစ်ကြိမ် ဆေးထိုး ရမှာဖြစ်ပြီး တစ်ကြိမ်အတွက် ဘတ်ငွေ (၁) သိန်းကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးဌာနအနေနဲ့ ဥပဒေပြင်ဆင်ဖြည့်စွက်ဖို့ စည်းမျဉ်းရေးဆွဲဖို့နဲ့ အကောင်အထည်ဖော်တာ တွေကို ရက်ပေါင်း (၉၀) အတွင်း အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Ref:The Thaigier

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.