ရှာရီယာ ဥပဒေအတိုင်းအပြစ်ပေးဖို့ တာလီဘန်ခေါင်းဆောင်ညွှန်ကြား

0
7318

ကဘူးလ် – နိုဝင်ဘာ(၁၆) 

အာဖဂန်နစ္စတန်နိုင်ငံမှာ တချို့သော ပြစ်မှုတွေအတွက် လူမြင်ကွင်းမှာ ကိုယ်လက်အင်္ဂါ ဖြတ် တောက်တာ၊ ကျောက်ခဲနဲ့ ပစ်ပေါက်တာတွေနဲ့ အပြစ်ပေးအရေးယူဖို့တရားသူကြီးတွေကို တာလီဘန်ခေါင်းဆောင် ဟိုက်ဘတ်တူလာ အခူဇာဒါက အမိန့်ပေးခဲ့ပါတယ်။ 

လုယက်မှု၊ပြန်ပေးဆွဲမှု၊ဆူပူအုံကြွမှုစတဲ့ ပြစ်မှုတွေကို အစ္စလာမ်ရှာရီယာ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ်လို့ ဆိုခဲ့တာပါ။ 

လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာဏာရလာချိန်မှာ တာလီဘန်တို့က လူထုကို ကွပ်မျက်တာအပါအဝင် အဲ့ဒီလို ပြစ်ဒဏ်တွေ ပေးခဲ့တဲ့အတွက် ရှုတ်ချခံခဲ့ရပါသေးတယ်။ 

အစ္စလာမ္မစ်အုပ်စုကတော့ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေကို အဲ့ဒီအချိန်ထဲက ဆက်တိုက် ပိတ်ပင်ခဲ့သလို အမျိုးသမီးအခွင့်အရေးတွေကို အထူးပိတ်ပင်ကန့်သတ်ခဲ့ကြတာဖြစ်ပါတယ်။ 

“သူခိုးတွေ၊ ပြန်ပေးဆွဲသူတွေနဲ့ သစ္စာဖောက်သူတွေရဲ့ ဖိုင်တွေကို သေသေချာချာ စစ်ဆေးပါ” လို့ပြောခွင့်ရပုဂ္ဂိုလ် မူဂျာဟစ်က ခေါင်းဆောင်ရဲ့ပြောစကားကို ကိုးကားပြီး ပြောခဲ့ပါတယ်။ 

ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်အတိအကျကို တာလီဘန်တွေက မသတ်မှတ်ထားပေမယ့် ရှာရီယာဥပဒေ မှာ ကိုယ်လက်အင်္ဂါတွေဖြတ်တောက်တာ၊ လူအများကို ကြိမ်ဒဏ်ပေးတာနဲ့ ခဲနဲ့ ပစ်ပေါက်တာ တွေပါဝင်တယ်လို့ ဘာသာရေးခေါင်းဆောင်တစ်ဦးက BBC ကိုပြောပါတယ်။ 

တာလီဘန်တွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်း ကိုပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးအထောက်အထားဖြစ်ပြီး ပန်းခြံ၊ရေချိုးခန်းတွေနဲ့ အာကစား ရုံတွေမှာ လိင်ပိုင်းဆိုင်ရာကန့်သတ်ထားတဲ့ တာလီဘန်စည်းမျဉ်းတွေအောက်မှာ ခွဲခြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်းမှာ တာလီဘန်တွေဟာ အမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုထားပေမယ့် လူဦးရေ ထက်ဝက်လောက်ကတော့ ပြင်းထန်စွာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

 လုံခြုံရေး၊ အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေ ပြည့်မီဖို့ တာလီဘန်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေသလို အာဖဂန်နိုင်ငံပိုင် ဒေါ်လာဘီလျံနဲ့ချီတဲ့ ပိုင် ဆိုင်မှုတွေလည်း ပိတ်ဆို့ခံထားရပါတယ်။ 

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.