အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ

0
9752

အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ

ဂျာကာတာ – အောက်တိုဘာ(၅) 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ ဘောလုံးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ လူအုပ်ပိမှုကြောင့် လူပေါင်း ၁၂၅ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ အားကစားကွင်းအတွင်း ကမ္ဘာ့အသေအပျောက် အများဆုံး ဖြစ်စဉ်တွေအနက် တစ်ခုဖြစ်ခဲ့တာ ကြောင့် ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှားရဲ အရှာရှိတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ပါဆီဘာယာ ဆူရာဘာရာ ဘောလုံးအသင်း ကို ၃ဂိုး၊ ၂ဂိုး နဲ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ ကွင်းအတွင်းကို  ဝင်ရောက်လာခဲ့တဲ့ Arema FC ပရိသတ်တွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပြီးနောက်မှာ  ပွဲကြည့်ပရိတ်သတ်တွေဟာ အလွန်အမင်း ထိတ် လန့်မှုတွေ ဖြစ်ခဲ့ရတာပါ။

ဘောလုံးလောကရဲ့  အုပ်ချုပ်ရေးအဖွဲ့ FIFA က ပွဲတွေမှာ  “လူစုလူဝေး ထိန်းချုပ်ရေးဓာတ်ငွေ့” ကို အသုံးမပြုသင့်ဘူးလို့ ပြဌာန်းထားပြီး အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့ကော်မရှင်နာ ချိုင်ရူ အက်နမ် ကတော့ “အဲ့ဒီမျက်ရည်ယိုဗုံးကို စပြီး အသုံးမပြုရင် ဒီကိစ္စက ဒီလို ပရမ်းပတာဖြစ်လာစရာမရှိပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပီရူးနိုင်ငံ လီမာမှာ အာဂျင်တီးနားအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘောလုံးပွဲတစ်ခုမှာလည်း  သေဆုံးသူ ၃၂၈ ဦးရှိခဲ့ တဲ့ ဖြစ်စဉ်ဟာ  ၁၉၆၄ ခုနှစ်မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်ပြီးတဲ့နောက်မှာ အခုဖြစ်ရပ်ဟာ ဘောလုံးပွဲအတွင်း သေဆုံးသူ အရေအတွက် အကြီးမားဆုံး ဖြစ်လာတာပါ။

ဒီဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့ကိုးဦးကို ရာထူးမှဖယ်ရှားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၈ ဦးကိုတော့ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

မျက်ရည်ယိုဗုံးသုံးဖို့ ဆုံးဖြတ်ချက်ဟာ ဆန်းစစ်ရမယ့် ပြဿနာတွေထဲ ပါဝင်ကြောင်းကိုလည်း သူကဆက်လက် ပြောပါတယ်။ 

အောက်တိုဘာ ၃ရက်နေ့က  အားကစားကွင်းအပြင်ဘက်မှာ  ဝမ်းနည်းပူဆွေးသူတွေ စုဝေးခဲ့ကြပြီး အချို့ကတော့ Arema ကလပ်အင်္ကျီပေါ်မှာ ပန်းပွင့်တွေ ဖြန့်ကြဲကာ ဆုတောင်းနေခဲ့ကြသလို  ငိုကြွေးနေသူတွေထဲမှာတော့ ကလပ်ရဲ့ မန်နေဂျာ အေလီဖီကရီ လည်း ပါဝင်ခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံလုံခြုံရေးဝန်ကြီး ကတော့ အစိုးရဟာ ဖြစ်ပျက်သမျှကို စုံစမ်းစစ်ဆေးဖို့  ပညာရှင်တွေ၊ ဘောလုံးကျွမ်းကျင်သူ တွေနှင့် တာဝန်ရှိသူတွေ ပါဝင်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြောကြားထားပါတယ်။

“သူတို့ကို လာမယ့်ရက်တွေမှာ ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ ဝန်ကြီး က သတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့ပါတယ်။

လူအုပ်ပိမှုအတွင်းမှာ အရွယ်မရောက်သေးသူ ၃၂ ဦး ပါဝင်နေတယ်လို့  အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး သမ္မတဂျိုကိုဝီဒို ဒိုကတော့  စုံစမ်းစစ်ဆေးမှုမပြီးမချင်း ထိပ်တန်းဘောလုံးပြိုင်ပွဲတွေအားလုံးကို ရပ်ဆိုင်းထားဖို့  အမိန့်ပေးထားတာပါ။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.