ကဘူးလ်မြို့မှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသူတွေ အသေခံဗုံးခွဲတိုက်ခိုက်ခံပြီး (၂၀) နီးပါးသေဆုံး

0
6093

ကဘူးလ် – အောက်တိုဘာ(၂) 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က စာသင်စင်တာတစ်ခုအသေခံဗုံးခွဲတိုက်ခိုက်ခံရမှု ကြောင့် အနည်းဆုံး လူ(၁၉) ဦးသေဆုံးခဲ့ပြီး အများစုဟာ ကျောင်းသူတွေဖြစ်တယ်လို့ ရဲနဲ့ မျက်မြင်တွေ့ရှိသူ တွေက ပြောဆိုကြပါတယ်။ 

ဗုံးခွဲတိုက်ခိုက်ခံရချိန်မှာ ကျောင်းသူတွေဟာ လေ့ကျင့်ရေးတက္ကသိုလ် စာမေးပွဲအတွင်းရှိနေကြ တာဖြစ်ပြီး တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ 

အခင်းဖြစ်ပွားခဲ့တဲ့ ဒေသဟာ လူနည်းစုဖြစ်တဲ့ Hazaras လူမျိုးတွေဖြစ်ပြီး IS စစ်သွေးကြွတွေ ရဲ့ ပစ်မှတ်ထားတာကို ခံနေကြရတာပါ။ 

ဆေးရုံတစ်ရုံက မြင်ကွင်းတွေကို ဒေသတွင်းရုပ်သံလိုင်းတစ်ခုက မျှဝေခဲ့ချိန်မှာ ကြမ်းပြင်ပေါ်မှာ ဖုံးအုပ်ထားတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ခဲ့ရပြီး ပျက်ဆီးနေတဲ့ စာသင်ခန်းတွေနဲ့ ပြိုကျနေ တဲ့ စာရေးခုံတွေကိုလည်း ပြသထားပါတယ်။ 

အမည်မဖော်လိုသူတွေရဲ့ ပြောဆိုချက်တွေမှာတော့ သေဆုံးသူအရေအတွက်ဟာ တာလီဘန် အရာရှိတွေရဲ့ ထုတ်ပြန်ထားတာထက်ပိုများနိုင်တယ်လို့ သိရပါတယ်။ 

ပညာရေးစင်တာကိုတိုက်ခိုက်သူဟာ စင်တာအပြင်ဘက်မှာရှိတဲ့ အစောင့်တွေကို သေနတ်နဲ့ ပစ်သတ်ကာ စာသင်ကျောင်းအတွင်းဝင်ရောက်ပြီးဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး သေဆုံးသူအများ စုဟာရှေ့ဆုံးခုံတန်းတစ်နေရာမှာ ထိုင်နေကြတဲ့ မိန်းကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ စာသင်ခန်းတဲ့ လူပေါင်း (၆၀၀) လောက်ရှိတယ်လို့ AFP သတင်းဌာန ကဖော်ပြထားပါတယ်။ 

Kaaj စင်တာဟာ အမျိုးသား၊အမျိုးသမီးတွေကို သင်ကြားပေးနေတဲ့ ပုဂ္ဂလိက ကောလိပ်တစ်ခု ဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လကစပြီး တာလီဘန်တွေ အာဏာရလာချိန်မှာ နိုင်ငံတွင်းက မိန်းကလေးကျောင်းအများစုကို ပိတ်ထားခဲ့ရပေမယ့် တချို့သော ပုဂ္ဂလိကကျောင်းတွေကိုတော့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

Hazaras လူမျိုးစုအများစုဟာ ရှီအာမွတ်စလင်တွေဖြစ်ပြီး အာဖဂန်နစ္စတန်ရဲ့ တတိယအကြီး ဆုံး လူမျိုးစုတစ်ခုလည်းဖြစ်ကာ သူတို့ဟာ ဆွန်နီအစ္စလာမ်ဘာသာရေးအဆုံးအမကိုခံယူထား တဲ့ တာလီဘန်တွေနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် (ISKP) တို့ရဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ကာလရှည်ရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါတယ်။ 

တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးအဖွဲ့တွေဟာ အဲ့ဒီနေရာကို ရောက်ရှိလာပြီး အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင့် ပြောဆိုခဲ့သလို ကုလသမဂ္ဂနဲ့ အမေရိကန်တို့ကလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ 

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ရန်သူရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုနဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကင်းမဲ့မှုကို သက်သေပြနေတာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

“စာမေးပွဲဖြေတဲ့ ကျောင်းသားတွေ ပြည့်နေတဲ့ အခန်းကို ပစ်မှတ်ထားရတာဟာ အင်မတန်ရှက် စရာပါ၊ ကျောင်းသားတိုင်း ငြိမ်းချမ်းစွာနဲ့ အကြောက်တရားကင်းကင်းဖြင့် ပညာသင်ကြားခွင့် ရှိသင့်တယ်” လို့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်မစ်ရှင်မှ အရာရှိက တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

တာလီဘန်တွေသိမ်းပိုက်ပြီးနောက် အဖဂန်နစ္စတန်မှာ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်း မွန်ခဲ့ကာ မကြာသေးခင်လတွေအတွင်းအရပ်သားတွေသာမက တာလီဘန်ထောက်ခံသူတွေကိုပါ တိုက်ခိုက်မှုတွေဆိုးရွားလာခဲ့ပြီး တာလီဘန်တွေရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ISကတချို့သောအကြောင်း အရာတွေကို ပြုလုပ်နေတာတွေရှိတယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။ 

ပေါက်ကွဲမှုဖြစ်တဲ့ ဧရိယာက စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ခဲ့ တာတွေအများစုဟာ IS အဖွဲ့ရဲ့ လုပ်ဆောင်မှုဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်တာလီဘန်တွေအာဏာမသိမ်းခင်ကလည်း အဲ့ဒီမြို့က မိန်းကလေးကျောင်းတစ် ကျောင်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး လူ (၈၅) ဦးထက်မနည်းသေဆုံးခဲ့ကာ ကျောင်းသားကျောင်းသူ ရာနီချီဒဏ်ရာရရှိခဲ့ပါသေးတယ်။  

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.