October 2022

မြဝတီမင်းကြီး ဆရာတော်ရဲ့စျာပနအခမ်းအနားကို မဲဆောက်မြို့မှာ ကျင်းပ

မဲဆောက် – အောက်တိုဘာ(၃၁) ထိုင်းနိုင်ငံမဲဆောက်မြို့မှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ မြဝတီ မင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ(သ.စ.အ ဓမ္မာစရိယ-ဝဋံသကာ) ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ဒီနေ့ အောက်တိုဘာလ(၃၁) ရက်နေ့ နေ့လည်(၁) နာရီကနေ (၃) နာရီအထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ မြဝတီမင်းကြီးဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော်(၇၁) နှစ်၊ဝါတော်(၅၁) ဝါရှိပြီး မန္တလေးတိုင်း…

တောင်ကိုရီးယား ဟောလိုးဝင်းပွဲမှာ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး CRPH ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

မော်လမြိုင် – အောက်တိုဘာ(၃၁) တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Itaewon မှာ ဟောလိုးဝင်းပွဲပြုလုပ်နေချိန် လူအုပ်ပိတာကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဝမ်းနည်းကြောင်းသဝဏ်လွှာထဲမှာ ဆိုးလ်မြို့တော် Itaewon မှာ Halloween ပွဲတော်ကျင်းပနေချိန် လူအုပ်ပိတာကြောင့် လူပေါင်း (၁၅၀) ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ များစွာဝမ်းနည်းရတယ်လို့…

အမျိုသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာသလို အရပ်သားပြည်သူတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်ဖို့ NUG အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ။ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီးလား၊ တစ်နှစ်အတွင်း တော်လှန်ရေး အဆုံးသတ်ဖို့ NUG အနေနဲ့…

ကမ္ဘာ့ဖလားမတိုင်ခင် ကာတာနိုင်ငံ မြို့တော် ဒိုဟာကနေ အလုပ်သမား ထောင်ချီ နှင်ထုတ်ခံရ

ဒိုဟာ၊ အောက်တိုဘာ (၃၀) ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လာရောက်လည်ပတ်ကြမယ့် ဘောလုံးပရိသတ်များနေထိုင်ဖို့ မြို့တော်ဒိုဟာမှာ ထောင်နှင့်ချီတဲ့ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို ပိတ်ထားလိုက် တယ်လို့ နေအိမ်တွေကနေ နှင်ထုတ်ခံရသူ အလုပ်သမားတွေက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ အဆောက်အဦ တစ်ဒါဇင်ကျော်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပြီး အဓိကအားဖြင့် အာရှနှင့် အာဖရိက အလုပ်သမားတွေကို တတ်နိုင်သမျှ တခြားနေရာတွေကို ရှာဖို့…

မူးယစ်ရာဇာကို ဘန်ကောက်မြို့ ဇိမ်ခံအိမ်မှာ ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

ဘန်ကောက်၊ အောက်တိုဘာ (၃၀) ဘန်ကောက်မြို့ ဆဖန်ဆောင် Saphan Sung ခရိုင်ရှိ ဇိမ်ခံအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ အောက် တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက စီးနင်းခဲ့ပြီး မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါး ထိန်း ချုပ်ရေး ဘုတ်အဖွဲ့ ကပြောပါတယ်။ အိမ်စီးနင်းမှု ဖြစ်စဉ်ကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) မှ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်…

အမေရိကန်မှာ ရွေးကောက်ပွဲမတိုင်ခင် အစွန်းရောက်အကြမ်းဖက်မှုတွေမြင့်တက်လာမယ်လို့ သတိပေးခံရ

ဝါရှင်တန် – အောက်တိုဘာ(၃၀) အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလီုစီကို တွေ့ဖို့ တောင်းဆိုခဲ့သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈) ရက်နေ့ အစောပိုင်းက သူတို့ရဲ့ ဆန်ဖရန်စစ္စကို နေအကိုဖောက်ထွင်း ဝင်ရောက်ပြီး တူနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး လာမယ့် နိုဝင််ဘာလ(၈) ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်နိုင်ငံရေးအကြမ်းဖက်မှုတွေ တိုးလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အသက် (၈၂)…

EAOs တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ PPST ကြိုးပမ်းနေ

ရန်ကုန်၊ အောက်တိုဘာ (၃၀) ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် အခုနှစ်မကုန်ခင် ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ NCA မထိုးထားတဲ့…

ရေးမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေ

ရေး၊ အောက်တိုဘာ (၃၀) နယ်မြေမတည်ငြိမ်တာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေသလို တချို့စာသင်ကျောင်းကလည်း ယာယီကျောင်းပိတ်ထားကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေသလို မကြာခဏဆိုသလို စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့နယ်ရှိ စာသင်ကျောင်းတွေက…

ပြည်ပရောက် နိုင်ငံသားတွေ လစာငွေ ပြန်လွှဲရင် နှုန်းထားအပေါ် ၃၀ ကျပ် အပိုပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ (၃၀) ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာဝင်ငွေတွေ လွှဲပြောင်းတဲ့ ပမာဏနှုန်းထားအပေါ် နိုင်ငံတော်ကနေ ပံ့ပိုးငွေအနေနဲ့ ၃၀ ကျပ်ကို အပိုဆောင်းငွေအဖြစ် ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်ပကနေ ပြည်တွင်းကို လွှဲပို့လာတဲ့ လစာဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေကနေ လွှဲပို့ပေးရာမှာဖြစ်ပြီး ပံ့ပိုးငွေတွေကို…