TLT Tv||- ဒေါ်လာငွေကန့်သတ်ချက်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်
https://youtu.be/HS9geQ1S3dk
https://youtu.be/HS9geQ1S3dk
https://youtu.be/HwXfoM0WrwQ
https://youtu.be/Gnj4KApOhhU
https://youtu.be/P7AnPH4QtBQ
https://youtu.be/Tp_bVUHJHu4
ရန်ကုန် ၊ ဇူလိုင်(၃၁) စစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနက စက်မှုဇုန်တွေကို အချိန်ပိုင်းသာ မီးပေးလာတဲ့ အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့လာရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။လျှပ်စစ်ဓာတ်အားရရှိဖို့အတွက် လုပ်ငန်းရှင်တွေက လောင်စာဆီတွေကို အစားထိုး သုံးစွဲနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာပြီး ရေရှည်ရပ်တည်ဖို့ အခက်ကြုံလာကြတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ လျှပ်စစ်ဌာနက စက်မှုဇုန်တွေကို မနက်(၈) နာရီကနေ ညနေ(၅) နာရီအထိသာ ဓာတ်အား ပေးနေပြီး လျှပ်စစ်မီးလာရမယ့် အချိန်တွေမှာလဲ…
မြဝတီ ၊ ဇူလိုင်(၃၁) ကရင်ပြည်နယ်မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းဦးစီးတဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့ကစပြီး ကရင်အမျိုးသားအစည်းအရုံ တပ်မဟာ(၆) ထိန်းချုပ် နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့ တောင်ကြောဒေသမှာ စစ်ကောင်စီက နယ်မြေကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့…
ရေဖြူ ၊ ဇူလိုင် (၃၁) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်၊ ဧကနိကျေးရွာနဲ့ခမောက်ချောင်းကျေးရွာကို ဇူလိုင်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဒီကနေ့ မနက်ပိုင်း ၄ နာရီခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်ဟာ…
ကျိုက်ထို၊ ဇူလိုင် (၃၁) ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင် သေးဘူးလို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်က ဝင်းကံကျေးနယ်နဲ့ ဇီးပြောင်းကျေးရွာ အုပ်စုတွေဘက်ကို လက်နက်ကြီးနဲ့အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က…
မူဆယ် ၊ ဇူလိုင်(၃၁) စစ်ကောင်စီက လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေတင်ပို့ရင် ဒေါ်လာနဲ့ ရောင်းချဖို့ ကန့်သတ်ချက်တွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သလောက် ဖြစ်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ နယ်စပ်ကုန်သယ်ရေးဇုန်တွေကနေ တဆင့် ပြည်ပတင်ပို့မယ့် လယ်ယာထွက်ကုန်တွေကို ဇူလိုင်လ (၁) ရက်နေ့ကစပြီး ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ရောင်းချခိုင်းတာအပြင် ပြည်ပတင်ပို့ပြီးရင် လည်း ပို့ကုန်ရငွေဘဏ်စလစ် ပြနိုင်မှ…