July 2022

တနင်္သာရီမြို့နယ်ထဲက ကျေးရွာအချို့မှာ PDF တွေနဲ့ပြည်သူတွေပူးပေါင်းကာ လူထုသစ္စာအဓိဌာန်ပြုပွဲပြုလုပ်

တနင်္သာရီ၊ ဇူလိုင် ၃၁ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ပဝ၊ လယ်သစ်၊ သရဖုံနဲ့တကူးကျေးရွာတွေမှာ PDF တွေနဲ့ပြည်သူတွေပူးပေါင်းကာ လူထုသစ္စာအဓိဌာန်ပြုပွဲပြုလုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း – သံလွင်တိုင်းမ်

ပြည်ကြီးတံခွန်သပိတ်အင်အားစုရဲ့ လူထုသစ္စာအဓိဌာန်ပြုပွဲ

မန္တလေး-ဇူလိုင်(၃၁) ဒီနေ့ဇူလိုင်လ(၃၁) ရက်နေ့ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး လူထုသစ္စာ အဓိဌာန် ပြုပွဲနဲ့ စစ်အာဏာရှင် တော်လှန်ရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။ဓ ာတ်ပုံ -CJ

တောင်ဒဂုံ သပိတ်ပွဲက ဖမ်းဆီခံလိုက်ရတဲ့လူငယ်ရဲဘော် စစ်ကောင်စီတပ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးသွား

ရန်ကုန်- ဇူလိုင်(၃၁) တောင်ဒဂုံမြို့နယ်ဆန္ဒပြပွဲအပြန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ကျဆုံးသွားတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့ လူငယ်ဟာ ဇူလိုင်လ(၃၀) ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမှန်တရားကို အမှားတစ်ရာ ဖမ်းထားသည်ဆိုတဲ့ ဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံသားနဲ့ အတူဖမ်းဆီးခံထားရတာပါ။ “ကျဆုံးသွားတာ ၈၀% လောက်သေချာပါတယ်။ ခေါင်းတွေကိုသေနတ်ဒင်တွေနဲ့ရိုက် ခြေတွေ နဲ့ကန် ကြတာ…

“တရားတဲ့သူသာနိုင်ကြေးဟေ့ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ”

ဆားလင်းကြီး – ဇူလိုင်(၃၁) ဒီနေ့ ဇူလိုင်လ(၃၁) ရက်နေ့ မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး “တရားတဲ့သူသာနိုင်ကြေးဟေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာခဲ့ပါက အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီဖို့ ဆွစ်ဇာလန်စီစဉ်နေ

ဇူရစ် ၊ ဇူလိုင် (၃၁) ထိုင်ဝမ်ကို ကျူးကျော်လာရင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုမှန်သမျှကို ကြားနေနိုင်ငံအနေနဲ့ ချမှတ်ပေးဖို့ ဆွစ်ဇာလန်အေဂျင်စီ အကြီးအကဲက မျှော်လင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့အချုပ်အခြာအာဏာကိုလက်ခံဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖိအားပေးတဲ့အနေဖြင့် ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်အစိုးရကတော့ ကျွန်းရဲ့ (၂၃) သန်းသော…

သေဒဏ်ချမှတ်မှုကို ဆန့်ကျင်ကန့်ကွက်ဖို့ မြန်မာသံအမတ်ကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆင့်ခေါ်

ပါရီ – ဇူလိုင်(၃၁) ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်အစိုးရက ကွပ်မျက် ခဲ့တာနဲ့ပတ်သတ်ပြီးဆန့်ကျင်ဖို့ ပါရီမြို့ ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဇူလိုင်လ(၂၉) ရက်နေ့ က ဆင့်ခေါ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောခဲ့ပါတယ်။ စစ်ကောင်စီက ကွပ်မျက်ခဲ့တာဟာ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပြီးနောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေတဲ့အတွက် စစ်အစိုးရကို နိုင်ငံတကာ က…

မျောက်ကျောက်ရောဂါကြောင့် ဘရာဇီးမှာ ပထမဆုံးလူသေဆုံး

ဘရာစေးလေးယား – ဇူလိုင်(၃၁) အာဖရိကတိုက်အပြင်ဘက်မှာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါနဲ့ ဆက်နွယ်ပြီး ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စပိန်က သေဆုံးမှုကို အတည်မပြု နိုင်သေးချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အသက်(၄၁) နှစ်အရွယ်ဘရာဇီးနိုင်ငံသားအမျိုးသားတစ်ဦးဟာ ကင်ဆာရောဂါနဲ့ ခုခံအားစနစ် အားနည်းနေသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတာပါ။ ရောဂါကူးစက်မှုတွေကြောင့် သူ့ရဲ့ အခြေအနေပိုမိုဆိုးရွားလာခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောဆို ထားပြီး လူနာကို အရှေ့တောင်ပိုင်းက ဘီလိုဟော်ရီဇွန်တီမှာ…

တရားတဲ့သူသာ နိုင်ကြေးဟေ့

မန္တလေး – ဇူလိုင်(၃၁) ဒီနေ့ဇူလိုင်လ(၃၁) ရက်နေ့ မနက်ပိုင်းက သံဃသမဂ္ဂက ဦးဆောင်ပြီး ဒီပွဲက ပြည်သူ့တော်လှန်ရေး ဖြစ်တာနဲ့အညီ ပြည်သူ့တစ်ရပ်လုံးက တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပျက် ပါဝင်ပေးကြဖို့ လိုအပ်တယ်လို့ အသိပေးခဲ့ပြီး “တော်လှန်ရေးမှာ မြင့်မြတ်စွာ ရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့ရဲ့ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုတာ၊ တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ချီတက် မယ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်ပြုတာ၊ တရားမျှတလွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းတို့ ဒီကမ္ဘာမြေမှာ…

ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ

ယင်းမာပင် – ဇူလိုင်(၃၁) ဒီနေ့ ဇူလိုင်လ(၃၁) ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့နယ်မြောက်ခြမ်းရွာပေါင်းစုံစစ်အာဏာရှင် ဆန့်ကျင်ရေး မနက်ခင်းသပိတ်စစ်ကြောင်းက “ချုပ်ချယ်ရင်ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲ အောင်လံထူကြ လွှင့်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ သတင်း/ဓာတ်ပုံ – သံလွင်တိုင်းမ်