April 14, 2022

သင်္ကြန်အကျနေ့မှာလည်း မော်လမြိုင်မှာ ရေကစားတာ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေ

မော်လမြိုင် ၊ ဧပြီ (၁၄) စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ပွဲတော် ဒုတိယနေ့ဖြစ်တဲ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာလည်း မော်လမြိုင်မှာ ရေကစားတာ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မော်လမြိုင်မြို့ရဲ့ လူစည်ကားတဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ကမ်းနားလမ်း၊အောက်လမ်းမကြီးနဲ့ ဗဟိုလမ်းတွေမှာ ရေပတ်ကစားတာနဲ့ လည်ပတ်တာတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတာပါ။ သင်္ကြန်အကျနေ့…

ဘီးလင်းက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ ၁၄ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။ လေးကေစစ်ကောင်စီတပ် စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာ‌‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃…

တောင်ကိုရီးယားသမ္မတက ဝါရင့် လွှတ်တော် အမတ်တွေကို နိုင်ငံခြားရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးအဖြစ် ရွေးချယ်

ဘန်ကောက် – ဧပြီ (၁၄) မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေချိန် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက အစိုးရအဖွဲ့မှ အဆိုပြုထားတဲ့ လူတွေထဲက သူရဲ့အနီးကပ်အကြံပေး ပါ့ခ်ဂျင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဧပြီလ (၁၃) ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ အိမ်နီးချင်း ပြုံယမ်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု…

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန် ထိပ်တန်းလက်နက်ထုတ်လုပ်သူ တွေနဲ့ ပင်တဂွန် တွေ့ဆုံ

ဘန်ကောက် – ဧပြီ(၁၄) အမေရိကန်ဟာ ရုရှားနဲ့ နှစ်ကြာ စစ်ပွဲဖြစ်ပွားပါက ယူကရိန်းရဲ့ လက်နက်လိုအပ်ချက် ကိုဖြည့်ဆည်းပေးနိုင်မယ့် ကိစ္စဆွေးနွေးဖို့ လက်နက်ထုတ်လုပ်တဲ့ အဓိကဦးဆောင်သူ (၈) ယောက်နဲ့ ဧပြီလ(၁၃) ရက်နေ့ မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရုရှား ကျူးကျော်ပြီးနောက် အမေရိကန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို လက်နက်တွေ လွှဲပြောင်းထောက်ပံ့ဖို့အတွက် လှုံ့ဆော်ပေးပြီးနောက်မှာတော့ လက်နက်လိုအပ်ချက်တွေ မြင့်တက်လာခဲ့တာပါ။…

ဖိလစ်ပိုင်က မိုရိုလက်နက်ကိုင်ဟောင်းအယောက်ငါးထောင်ကျော်ကို ရဲတပ်ဖွဲ့မှာ ပူးပေါင်းဖို့စီစဉ်

ဘန်ကောက် – ဧပြီ (၁၄) ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုအစ္စလာမ်လွတ်မြောက်ရေးတပ်ဦး(Moro Islamic Liberation Front MILF)ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့တပ်ဖွဲ့တွေမှာ ပေါင်းစည်းနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ သုံးနှစ်ကြာ အကူးအပြောင်းကာလာအတွင်း အခုလုပ်ဆောင်ချက်ဟာ မင်ဒါနာအို ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ကတိကဝတ် အစိတ်အပိုင်းပြည့်မှီဖို့ဖြစ်တယ်လို့ ဧပြီလ(၁၁) ရက်နေ့က အာဏာပိုင်တွေကပြောပါတယ်။ မွတ်ဆလင် မင်ဒါနာအိုရှိဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ယာယီဝန်ကြီးချုပ် အဟော့ အီဘရာဟင်မ်က MILF…

စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ဟာ နိုင်ငံတကာကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUCC ပြော

မော်လမြိုင် ၊ ဧပြီ (၁၄) စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲတော်ဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ပြည်ပ လူထုတစ်ရပ်လုံးကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီက သင်္ကြန်ပွဲတော်မှာ မြို့တော်ဝန်မဏ္ဍပ်၊ဌာနဆိုင်ရာမဏ္ဍပ်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေအား အတင်းအကြပ်ဖိအားပေးပြီး မဏ္ဍပ်ဆောက်ခိုင်းပြီးနောက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဖျော်ဖြေရေးတွေ လုပ်ဆောင်ခိုင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့…

နိုင်ငံရေးပါတီတွေ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲ မဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ (၁၄) နိုင်ငံရေးပါတီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲလမ်းစဉ်မှာ မပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၁၂ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တာပါ။ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံရေးပါတီအနေနဲ့…

တိုက်ပွဲတွေကြောင့် ပြည်သူတွေ စစ်ရှောင်ရရင် ဆက်သွယ်ပေးဖို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ (၁၄) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရပါက ချိတ်ဆက် ဆောင်ရွက်ပေးဖို့ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ သရက်ချောင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မယ့် လမ်းကြောင်းအတွင်း ဝင်ရောက်လာတာကြောင့်…

အထိနာခဲ့တဲ့ စစ်ကောင်စီတပ် လေးကေကော်ကို စစ်အင်အား ထပ်မံတိုးချဲ့လာ

မော်လမြိုင် ၊ ဧပြီ (၁၄) နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လေးကေကော်ဒေသကို စစ်အင်အား ထပ်မံ တိုးချဲ့လာသလို လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က လေးကေကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည် ပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း…