Radio Than Lwin Times(Episode 7/4)
https://www.youtube.com/embed/IWyn7MA18ic https://bit.ly/3Jnzquj
https://www.youtube.com/embed/IWyn7MA18ic https://bit.ly/3Jnzquj
ဘန်ကောက်_ဧပြီ(၈) ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားနိုင်ငံကို ထိပ်သီးစက်မှုနိုင်ငံ(၂၀) G-20 အဖွဲ့ကနေ ဖယ်ရှားဖို့ အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ G-20 အုပ်စု ရဲ့အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ဒီကိစ္စကိုလေ့လာဆန်းစစ်တာတွေ လုပ်ဆောင်ပြီးရင် သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်သွားမယ်လို့ မနေ့ကပြောခဲ့ပါတယ်။ “လောလောဆယ်တော့ ကျနော်တို့က ဒါကို စုံစမ်းနေပါတယ်။ အမှန်ကတော့ G-20 ရဲ့ ဥက္ကဋ္ဌအနေနဲ့…
မော်လမြိုင်_ဧပြီ(၈) တပ်မတော်ကပေးအပ်တဲ့ တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်တာဟာ ကျေးဇူးတရားသိရှိတာ ဖြစ်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းကပြောပါတယ်။ နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနဲ့ တောင်ကြီးတပ်နယ်က နယ်မြေခံတပ်တွေကိုသွားပြီး အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ပြီး အခုလိုပြောခဲ့တာပါ။ “နိုင်ငံတော်က ပေးအပ်တဲ့လစာရိက္ခာကို ရရှိခံစားနေတာဖြစ်တဲ့အတွက် သစ္စာအဓိဌာန်(၄) ချက်ပါ အတိုင်း နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ သစ္စာအပေါ်အလေးထားစောင့် ထိန်းဖို့လိုကြောင်း၊ ပေးအပ်တဲ့ တာဝန် ကိုကျေပွန်စွာထမ်းဆောင်ခြင်းဟာလည်း ကျေးဇူးတရားသိရှိတာဖြစ်တယ်”…
မော်လမြိုင် ၊ ဧပြီ (၈) မွန်ပြည်နယ် စစ်ကောင်စီဟာ ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မပါရင် ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး…
မော်လမြိုင် ၊ ဧပြီ (၈) စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးနှုန်း ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချဖို့ အပါအဝင် နိုင်ငံခြားသုံးငွေတွေကို ပြည်ပကို လွှဲပြောင်းရင်လည်း…
မော်လမြိုင် ၊ ဧပြီ (၈) မွန်ပြည်နယ် စစ်ကောင်စီက ကျင်းမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ မွန်ပြည်နယ် စစ်ကောင်စီဟာ အခုနှစ်မှာ ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် မော်လမြိုင်မှာ မဟိုမဏ္ဍပ်တည်ဆောက်နေသလို မြို့နယ်အလိုက်မှာလည်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် ဌာနဆိုင်ရာရုံးတွေ၊ဒေသတွင်း…
ဘန်ကောက်_ ဧပြီ(၈) Facebook(Meta) က ဖိလစ်ပိုင်အထွေထွေရွေးကောက်ပွဲမတိုင်ခင် လူမှုကွန်ယက်အကောင့် (၄၀၀) ကျော်ကို သတင်းအချက်အလက်အမှားနဲ့အမုန်းစကားထိန်းချုပ်တဲ့အနေနဲ့ မနေ့က ပိတ်သိမ်း လိုက်ပါတယ်။ ကုမ္ပဏီရဲ့ပြောဆိုချက်တွေအရတော့ ပိတ်ဆို့ခံရတဲ့ အကောင့်တွေဟာ လူ့ဘောင်သစ်စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ စာမျက်နှာတွေဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ရွေးကောက်ပွဲလှုံ့ဆော်မှုနည်းလမ်းတွေအနှောက်အယှက်ဖြစ်ခဲ့တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေဟာ လူမှုကွန်ယက်စာအကောင့်တွေသုံးတာ မြင့်တက်လာတာနဲ့အတူ အမုန်းစကားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတာပါ။ ပြီးခဲ့တဲ့…
ဘန်ကောက်_ ဧပြီ(၈) နယူးယောက်မြို့မှာ ကျင်းကမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရုရှားကို လူ့အခွင့်အရေးကောင်စီက ဆိုင်းငံ့ထားဖို့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပြီး အမေရိကန်နိုင်ငံက တွန်းအားပေးလို့ ထောက်ခံမဲ ဒါမှမဟုတ် ကြား နေမဲ ပေးခဲ့ရင် နိုင်ငံချင်း ဆိုးဝါးတဲ့ အကျိုးဆက်တွေအဖြစ် ရှုမြင်မှာဖြစ်တယ်လို့ ရုရှား နိုင်ငံကသတိပေးခဲ့ ပါတယ်။ ဘူချာမြို့မှာ အရပ်သားရာနဲ့ချီ သတ်ဖြတ်ခံလိုက်ရတယ်လို့ ယူကရိန်းနိုင်ငံက စွပ်စွဲပြီး ချိန်မှာတော့…