Radio Than Lwin Times(Episode 6/4)
Sound Cloud Link
Sound Cloud Link
Sound Cloud Link
ဘန်ကောက်- ဧပြီ(၈) ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားဘောလုံးအသင်းတွေ ကို နိုင်ငံတကာ ပြိုင်ပွဲတွေကနေ ရပ်ဆိုင်း ထားဖို့ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်(FIFA)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) တို့က ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ်(FUR) ဟာ (FIFA) နဲ့ ပိုလန်၊ဆွီဒင်နဲ့ ချက်ဘောလုံးအဖွဲ့ချုပ်တွေကို အယူခံဝင် ခဲ့ပေမယ့် အားကစားဆိုင်ရာ သမာဓိခုံရုံး(CAS) က ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဉရောပဘောလုံးအဖွဲ့ချုပ်တို့ကတော့ ရုရှား နိုင်ငံကိုယ်စားပြုကလပ်အသင်း…
မော်လမြိုင် ၊ ဧပြီ (၆) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ သွားလာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားတဲ့ကြေညာချက်ကို မဖြစ်မနေ လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ထပ်မံတိုက် တွန်း လိုက်ပါတယ်။ KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ…
မော်လမြိုင် ၊ ဧပြီ (၆) ကယားပြည်နယ်၊ ဒီမော်ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေး အယောက် ၅၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်မျိုးကွဲပိုး အိုမီခရွန်ကူးစက်ခံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေ သူတွေက ပြောပါတယ်။ စစ်ရှောင်ကလေးငယ်တွေမှာ အိုမီခရွန် ကူးစက်ခံနေရပေမယ့် စောင့်ကြည့်ကုသပေးဖို့ နေရာမရှိတာကြောင့် တစ်ယောက်ပြီး တစ်ယောက် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ ဒ့ါအပြင် ကယားပြည်နယ်ကို စစ်ကောင်စီဘက်က ဆေးဝါး…
မော်လမြိုင် ၊ ဧပြီ (၆) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ အလုပ်ကြမ်း ခိုင်းစေတာနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ဝင်စာလာတွေ့တဲ့…
ဘန်ကောက်- ဧပြီ(၇) အင်ဒိုနီးရှားကဘာသာရေးဆရာတစ်ယောက်က ကျောင်းသူ(၁၃) ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဟယ်ရီဝီရဝမ်လို့ အမည်ရတဲ့ အသက်(၃၆) နှစ်အရွယ်ကျောင်းဆရာဟာ ဘာသာရေးကျောင်းဖြစ်တဲ့ အစ္စလာမ့်ဘော်ဒါကျောင်းမှာ ကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေကတော့ သူ့ကို ဓာတုဆေးဝါးနဲ့ ကွပ်မျက်ဖို့ တောင်ဆိုအယူခံဝင်ထားတာ ရှိတယ်လို့ သိရပါတယ်။ “တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကျွန်ုပ်တို့ လက်သင့်ခံပါသည်၊ တရားခံကို…
ဘန်ကောက်- ဧပြီ(၇) ကိုကင်း ၅၀၀ ဂရမ် လက်ဝယ်ပိုင်ဆိုင်တယ်လို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် အာရပ်စော်ဘွားများ ပြည်ထောင်စု ရုံးတော်တစ်ခုက အစ္စရေးအမျိုးသမီးတစ်ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အစ္စရေးမီဒီယာတွေက အစီရင်ခံထားသော ကီဝန် အမည်ရအမျိုးသမီးဟာအစ္စရေးမြောက်ဘက်ရှိ ဟိုင်ဖာမြို့မှာဓါတ်ပုံစတူဒီယိုတစ်ခု ပိုင်ဆိုင်ပြီး လွန်ခဲ့သောနှစ်အတွင်းက ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ “ထိုအမှုဖြစ်စဥ်ဟာ လူသိများပြီး ကျွန်ုပ်တို့ ကောင်စစ်ဝန်နဲ့စော်ဘွားဒေသမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်စား လှယ်တွေကတဆင့် အဲ့ဒီကိစ္စကို…
ဘန်ကောက် ၊ ဧပြီ ၇ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။ ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ်…
မော်လမြိုင် ၊ ဧပြီ (၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ မသန်စွမ်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လို့ ပစ်ခတ်ခံရတာ၊ နွေဦးတော်လှန်ရေး တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ရင် လက်နက်ထိမှန်တာ၊ စစ်ရှောင်ရင်း လက်နက်ထိမှန်တာကြောင့်…