အရပ်ဝတ်ဖြင့် ရုံးတက်ပြီး NUGရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်အစီရင်ခံဖို့ ညွှန်ကြား
မော်လမြိုင်၊ စက်တင်ဘာ ၈ အာဏာသိမ်း စစ်ကောင်စီက အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို ပုံမှန်အတိုင်းရုံးတက်အလုပ်လုပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဆက်စပ်တဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်မှု၊ လှုပ်ရှားနေမှုတွေကို နေ့စဉ်တင်ပြဖို့ကို စက်တင်ဘာ ၈ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှာ NUG အစိုးရက ပြည်သူ့တော်လှန်ရေးစတင်ပြီးဖြစ်ကြောင်း ကြေညာမှုနဲ့အတူ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအားလုံး ရုံးတက်ခြင်းမပြုကြဖို့ ကြေညာခဲ့ပါတယ်။…
