December 2021

ထိုင်းနိုင်ငံအတွင်း အိုမီခရွန်ကူးစက်မှုမြန်ဆန်လာ

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ထိုင်းနိုင်ငံအတွင်း ခရိုင်ဒေသန္တရ ၃၃ ခုတွင် အိုမီခရွန်ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ၄၈၉ ဦးသည် ပြည်ပမှလာသော ကူးစက်မှုများဖြစ်ကာ ကျန်ရှိသော ပမာဏသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်လိုက်ပါသည်။ ဆေးသိပ္ပံဦးစီးဌာန အထွေထွေဒါရိုက်တာ ဒေါက်တာ ဆူပါကစ်ဆီရီလပ်က “အိုမီခရွန်သည် အလျင်အမြန် ကူးစက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည်…

စစ်ခေါင်းဆောင်ကြောင့် အကျည်းတန်ခဲ့တဲ့ ၂၀၂၁

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)ျ စစ်အုပ်စုရဲ့ တကျော့ပြန်အာဏာသိမ်းမှုနဲ့ အတူ မြန်မာတနိုင်ငံလုံး ချွတ်ခြုံကျခဲ့သလို မွန်ပြည်နယ်ဟာလည်း ၂၀၂၁ ခုနှစ်အတွင်း မတရားဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အကျည်းတန်မှုတွေနဲ့ အဆုံးသတ်သွားခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း ရင်ဆိုင်ပြီးနောက် ၂၀၂၁ ခုနှစ်ကို မျှော်လင့်ချက်များစွာဖြင့် စတင်ဖြတ်သန်းဖို့ တာဆူခဲ့တဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့…

မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူ ဥက္ကဌ ပြော

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀ ကရင်အမျိုးသားတွေအနေနဲ့ အတင်းအဓမ္မလုပ်ယူထားခြင်းခံရတဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူပြီး အမျိုးသားအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ် လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပေးပို့တဲ့…

ထားဝယ်မှာ စစ်ကောင်စီက CCTV ကင်မရာတွေ လိုက်လံတပ်ဆင်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀) တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ အဓိက လမ်းဆုံမီးပွိုင့်တွေမှာ စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး CCTV ကင်မရာတွေ လိုက်လံတပ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ထားဝယ်မြို့အတွင်း နေရာတွေဖြစ်တဲ့ သရက်ပြင်မီးပွိုင့်၊ ဗဟိုလမ်းဆုံ၊ နဝင်းကြီးလမ်းဆုံ၊ မီးသတ်လမ်းဆုံအပါအဝင် စတဲ့ နေရာ ၁၀ နေရာ ထက်မနည်းမှာ CCTV…

အိုမီခရွန်ပိုး စတွေ့ပြီးဖြစ်လို့ မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ ဆရာဝန်တွေ တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀) မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး စတင် တွေ့ရှိပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ ကိုဗစ်အရေး ကူညီနေတဲ့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အိုမီခရွန် ရောဂါပိုးကို ဒူဘိုင်းက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးမှာ ရောဂါပိုး စတင်…

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အစီအစဉ် မရှိဘူးလို့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀) ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးကို စစ်အင်အားတိုးချဲ့ပြီး ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ KNU ထိန်းချုပ်နယ်မြေတွေ အပါအဝင် ငြိမ်းချမ်းရေးမြို့ လေးကေကော်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်တာတွေ…

ထိုင်းနိုင်ငံရှိ အစိုးရဝန်ထမ်းများ နှစ်ဆန်းမှ စတင်၍ Work from Home အဖြစ် အလုပ်လုပ်ရမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အွန်လိုင်းစာသင်ခန်းများကို ပြန်လည် သတ်မှတ်လိုက်ချိန်အတွင်း အစိုးရဝန်ထမ်းများသည်လည်း နှစ်သစ်ကူးပြီးသည်နှင့်တပြိုင်နက် Work from Home စနစ်ဖြင့် အလုပ်လုပ်ကြရမည် ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက် သည်။ ပုဂ္ဂလိကကဏ္ဍအတွင်းရှိ ဝန်ထမ်းများကိုလည်း Work from Home စနစ် သတ်မှတ်ရန်အတွက် တိုက်တွန်း…